စိတ်ဆိုတဲ့ အရာဟာ သိပ်ကိုဆန်းကျယ်တယ်။ အထူးသဖြင့် တမလွန်ကူးပြောင်းနေတဲ့ စပ်ကြားအချိန်တွေမှာပေါ့။ ရုတ်တရက် ကား တိုက်သေသွားလို့ မကျွတ်လွတ်နိုင်တဲ့ နာနာဘာဝတွေ အကြောင်းကြားဖူးမှာပါ။
စွဲလမ်းမှုလေးတစ်ခုကြောင့် ဘယ်ဘုံဘဝမှမကူးနိုင်ပဲ အဲ့စွဲလမ်းမှုလေးနောက် တကောက်ကောက် လိုက်နေရတဲ့သူတို့ဘဝက သေချာစဉ်းစား ကြည့်ရင် ကြောက်ဖို့ကောင်းပေမယ့်လို့ သနားစရာပါ။
ကဲ ဇာတ်လမ်းလေးကတော့ ရှာရတ်ဆိုတဲ့စာရေးဆရာတစ်ယောက်မှာ သူသိပ်ချစ်တဲ့ဇနီးသည်လေးရှိတယ်ပေါ့။ အဲ့ဇနီးသည်နဲ့သူညအိပ်ပြီဆိုတိုင်း တစ်ခုမ ဟုတ်တစ်ခုကဖြစ်တော့တာပဲ။
အဆိုးဆုံး ကတော့ သူ့မိန်းမဗိုက်တွေ ထထအောင့် တတ်တာပဲ။ ဆေးတွေလဲစုံ သမားတော်တွေ လဲ စုံပြီး ကြံရာမရတော့တဲ့ ရှာရတ်ကြီး တစ်ယောက် သူ့အမျိုးထဲကအရွှတ်ခ်ဆိုတဲ့ သူငယ်ကိုသွားသတိရမိလေရဲ့။
အရွှတ်ခ်က ဗေဒင်နက္ခတ်လက္ခဏာဗေဒတွေကို အတိုင်းတာတစ်ခုထိ လိုက်စားဖူးထားတာကိုး။ အရွှတ်ခ်နဲ့သူ့မရီးဖြစ်သူ ပေးတွေ့ပြီးနောက် ပိုင်မြုပ်ကွယ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကိုယ့်ဘာသာပဲ းကြည့်ရှုခံစားကြည့်ကြပါ။
သရဲကားဆိုတာထက် drama ဘက်ကိုပိုဇောင်းပေးထားလို့ ထူးထူးခြားခြားခြောက်လှန့်တာတွေတွေ့ရမှာမဟုတ်ပါဘူး။ ဇာတ်လမ်းကရှည်ပေမယ့် ပျင်းဖို့တော့မကောင်းဘူး။ တစ်ကားလုံးစိတ်ဝင်တစားနဲ့ကြည့်သွားရမယ်တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ending ပိုင်းမှာတော့သရဲကားတိုင်းနဲ့မတူတဲ့ ending ပါ။ သူ့ဟာနဲ့သူတော့ အတော်လေးအဆင်ပြေ တဲ့ကားပါ။ ဒါ့ကြောင့် လဲ IMDb မယ် rating 7.8 ရထားတာပေါ့။
နောက်ပိုင်းသရဲကား တွေမှာ အခုလိုကွဲထွက်တာလေးတွေ ပိုပို တွေ့လာရပါတယ်။ မတူညီတဲ့ရသနှစ်ခုကို တပြိုင်တည်းခံစားချင်သူတွေအတွက် သရဲကားကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့် တဲ့ကားပါ…..Crd: Channel Myanmar
Related