ဇာတ်လမ်းအကျဥ်းလေးကိုပြောရမယ်ဆိုရင်ဖြင့် မားကတ်စ်၊လု၊ဂျေး နဲ့ ဗစ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေး ၄ယောက်က နံရံတွေပေါ်မှာ Graffitiရေးရတာ ဝါသနာပါတဲ့သူတွေပါ။
ဒါပေမယ့်လဲသူတို့ဝါသနာက အများပိုင်နံရံတွေမှာရေးဆွဲတဲ့အခါ ပြစ်မှုမြောက်တဲ့အတွက် ရဲကလိုက်ဖမ်းပါတော့တယ်။
ပြေးရင်းလွှားရင်းနဲ့ပဲ စွန့်ပစ်ထားတဲ့ အိမ်ကြီးတစ်အိမ်ထဲဝင်ပုန်းကြရင်း ရဲကိုမျက်ခြေဖျက်နိုင်ခဲ့ကြပါတယ်။ နောက်မှသိလာရတာက သူတို့ဝင်ပုန်းတဲ့နေရာကအိမ်မဟုတ်ဘဲ စွန့်ပစ်ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်နေတာပါပဲ။
ဒီလိုနဲ့ လူငယ်သဘာဝလျှောက်ကြည့်ကြရင်း ဒီကျောင်းမှာ သူတို့ပဲရှိနေကြတာမဟုတ်မှန်း တစစ သိလာခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့၄ယောက် ကျောင်းကြီးထဲကပြန်ထွက်လာနိုင်ပါ့မလား။ ရောက်နှင့်နေတဲ့သူတွေကရော ဘယ်သူတွေလဲ ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကိုယ်တိုင်ပဲဆက်လက်ရှုစားပါ…….Crd: Channel Myanmar
Related