IMDb 8.4/10, Rotten Tomatoes 70%,
Bollywood ကတော့ တစ်နှစ်ကို ပေါကားတွေလည်းထွက်သလို အမှန်အကန်အဖိုးတန်ကားတွေလည်းထွက်လေ့ရှိပါတယ်။
အခုတင်ဆက်ပေးထားတဲ့ဇာတ်ကားကတော့ တကယ့်အဖိုးတန်ကားပါပဲ၊ ရွှေလိုကားပါ။
ဇာတ်ကားတစ်ကားလုံးမှာ တွေ့နေကျကုလားကားတွေလို က,ခုန်တာတွေ သီချင်းတွေ အပိုအက်ရှင်ခန်းတွေ တစ်ခုမှမပါဘဲ အချိန် ၂ နာရီကုန်သွားမှန်းမသိရလောက်အောင်ကောင်းတဲ့ တကယ့်ဇာတ်ကားပါ။
သရုပ်ဆောင်ငယ်ငယ်ချောချောတစ်ယောက်မှမပါဘဲ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အမှန်အကန် Crime, Drama ဇာတ်ကားကောင်းပါ။
ဇာတ်လမ်းကရှင်းပါတယ်။
နာမည်ကြီးဒါရိုက်တာတစ်ယောက် သူ့အဖွဲ့က လက်ထောက်အဝတ်စားဒီဇိုင်နာကို အဓမ္မပြုကျင့်လို့ဆိုပြီး တရားရင်ဆိုင်ရတာပါ။
အဲ့ဒီဇာတ်ကို ဘယ်လိုစိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားသလဲဆိုတာ ကြည့်လိုက်ကြပါဦး။
ကျွန်တော်တို့မြန်မာနိုင်ငံက တချို့ဖြစ်ရပ်တွေနဲ့လည်း သွားဆင်တူနိုင်တဲ့အခြေအနေလေးတွေပါနေပါတယ်။
(တရားဥပဒေနှင့်ပတ်သတ်သည့်အသုံးနှုန်းများ ဘာသာပြန်လိုအပ်ချက်ပါရှိပါက သည်းခံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)…..Crd: Channel Myanmar
Related