ဒီကားလေးကတော့ IMDb rating 7.3ရထားပြီး Netflixကထုတ်တဲ့ စပိန် comedy-drama ကားကောင်းလေးတစ်ကားပါ။
ဟတ်တာက ခိုးမှုတွေကြောင့် လူငယ်ထိန်းသိမ်းရေးစင်တာမှာရောက်နေပေမယ့် ကြံရည်ဖန်ရည်ရှိပြီး ဉာဏ်ကောင်းတဲ့ကောင်လေးတစ်ယောက်ပေါ့။
သူ့မှာမိဘတွေလည်းမရှိ သူချစ်တဲ့အဖွားကလည်း သေခါနီးဖြစ်နေပြီး တစ်ဦးတည်းသောအစ်ကိုနဲ့လည်းဆက်ဆံရေးကမပြေလည်ပါဘူး။
စင်တာမှာသူထိန်းကျောင်းပေးတဲ့ခွေးလေးတစ်ကောင်မွေးစားခံရပြီး သူ့ဆီရောက်မလာတဲ့အချိန်မှာတော့ စင်တာကနေထွက်ပြေးပြီးခွေးသွားရှာပါတော့တယ်။
ညီအစ်ကိုချင်းနွေးထွေးမှုမရှိတော့ပေမယ့် သူထွက်ပြေးသွားတဲ့အချိန်မှာတော့ သူ့အစ်ကိုသူ့ဆီလိုက်လာပါတယ်။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်သား မွေးစားခံရတဲ့ခွေးကိုလိုက်ရှာရင်း ဒီနေ့လား မနက်ဖြန်လားသေတော့မယ့်အဖွားကို ရွာပြန်ပြီးမြေမြှုပ်ပေးဖို့စီစဉ်ရင်းနဲ့ ခရီးစဉ်စတင်လိုက်ပါတယ်။
သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေကို ဟာသလေးတွေနှောပြီး ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်…. Crd: Channel Myanmar
Related