ဂျပန်နိုင်ငံရဲ့ လုပ်သားနဲ့အလုပ်ရှင် ဆက်ဆံရေးတင်းမာမှုတွေကနေမှတစ်ဆင့် အချိန်ပိုင်းအလုပ်တွေဟာ နိုင်ငံတွင်းမှာ တွင်ကျယ်လာပါတယ်။ မိရိုးဖလာလုပ်စားနေတဲ့ လူအများစုဟာ အလုပ်လက်မဲ့ဖြစ်လာကြပြီး အဲ့လိုလူတွေထဲမှာ အိုဆာမူတို့မိသားစုလည်း အပါအဝင်ပဲဖြစ်ပါတယ်။
ပိုက်ဆံမရှိ အလုပ်မရှိတဲ့အချိန်မှာ ထမင်းတစ်နပ်စားရဖို့ ဈေးဆိုင်တွေဆီကနေ အလစ်သုတ်ရတဲ့မိသားစု ဖြစ်လာပါတော့တယ်။
အိုဆာမူနဲ့သူရဲ့သားဟာ ထုံးစံအတိုင်း အလစ်သုတ်နေတုန်း အိမ်ခြေယာမဲ့ကလေးမတစ်ယောက်နဲ့တွေ့ကာ အိမ်ကိုခေါ်သွားခဲ့ပါတယ်။
အိုဆာမူရဲ့မိန်းမဖြစ်သူက အစကငြင်းပေမယ့် ကလေးမကို ကိုယ်ချင်းစာမိကာ အိမ်ပေါ်တင်မွေးစားလိုက်ပါတော့တယ်။
ဒီမိသားစုက ပိုက်ဆံမရှိတဲ့အပြင် ထမင်းတောင် နပ်မှန်အောင်မစားနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ မိသားစုရဲ့အရသာကို ရှာတွေ့ထားကြတဲ့လူတွေဖြစ်ပြီး အမြဲပျော်ရွှင်နေလေ့ရှိပါတယ်။
ဒါပေမယ့် ဒီလိုစရိုက်လူတွေကို လောကဓံကဘယ်လိုဒုက္ခပေးဦးမလဲ။ ဒီစိတ်ဆင်းရဲလောက်အောင် ပျော်ရွှင်နေကြတဲ့မိသားစုကရော ရေရှည် ဘယ်လိုဖြစ်သွားကြမလဲဆိုတာကို ကြည်နူးစရာဖြစ်အောင် ဒါရိုက်တာHirokazu Koreedaက သူကိုယ်တိုင်ရေးပြီးသူကိုယ်တိုင်ရိုက်ပြထားပါတယ်…..Crd: Channel Myanmar
Related