Jaden Smith ပါဝင်ထားတဲ့Drama ကားလေးပါ။ IMDb – 6.6/10, Rotten Tomatoes – 89%, Google Users – 91% ရထားပါတယ်။
ဆင်ခြေဖုံးရပ်ကွက်လေးမှာနေထိုင်တဲ့ ကမီးလ်ဆိုတဲ့ဆယ်ကျော်သက်ကောင်မလေး အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။
အထီးကျန်ဆန်တဲ့သူမရဲ့ဘဝမှာ စကိတ်စီးတဲ့ကောင်မလေးတစ်စုနဲ့ သူငယ်ချင်းဖွဲ့ဖြစ်ရာကနေ သူငယ်ချင်းသံယောဇဉ် မိဘနဲ့သားသမီးဆက်ဆံရေး တစ်ခါတစ်လေသားသမီးဖြစ်ချင်တဲ့ ဝါသနာ မိဘကနားမလည်နိုင်တာမျိုး မီးမောင်းထိုးပြီးရိုက်ပြသွားတာပါ။
ဒီကားလေးထဲမှာ ဆေးခြောက်သောက်တာဘာညာ ပါတီပွဲတွေပါတာတော့ရှိပါတယ်။ ဒါပေမယ့် မဖတ်သင့်တဲ့စာဆိုတာမရှိဘူး။ ဖတ်လိုက်တဲ့စာကနေကိုယ်ဘာကို absorb လုပ်တယ်ဆိုတာကပဲအရေးကြီးတာပါ။
ဆိုတော့ကာ ရုပ်ရှင်လည်း ထိုနည်းလည်းကောင်းပဲ။ ဆယ်ကျော်သက်လူငယ်လေးတွေ ဒီကားကိုကြည့်ဖြစ်တဲ့အခါ သူပေးချင်တဲ့ messageလေးကို ရအောင်ကြည့်ကြပါလို့……Crd: Channel Myanmar
Related