ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေသိမ်းပိုက်ထားတဲ့ပိုလန်နိုငိငံက ဆိုဘီဘော ဒုက္ခသည်စခန်းအမည်ခံ အကျဉ်းစခန်း တစ်ခုရှိပါတယ်။
ဒီဇာတ်ကားက အဲ့ဒီဆိုဘီဘောစခန်းက ဂျူးတွေရဲ့ ဂျာမန်လက်အောက်ကထွက်ပြေးဖို့ကြိုးစားပုံအကြောင်း ရိုက်ပြထားတာပါ။
နာဇီတွေ ဂျူးကို ဘယ်လောက် မုန်းလဲဆိုတာကတော့ အားလုံးကြားဖူးပြီးသားဖြစ်မှာပါ။
ဆိုဘီဘော စခန်းကို ဖျက်သိမ်းခါနီး အခြေအနေတွေဖြစ်လာတဲ့အခါမှာ စခန်းထဲကလူတွေအကုန်အသတ်ခံရမှာ သေချာသွားပြီ ဖြစ်တဲ့အတွက် သေမဲ့အတူတူ မထူးဘူး ထွက်ပြေးလို့လွတ်လို့လွတ်ငြားဆိုပြီး ကြံစည်ကြပါတော့တယ်။
ဂျာမန်တွေရဲ့ ဂျူးတွေကို အနိုင်ကျင့်ပုံနှိပ်စက်ပုံတွေ မထင်ရင်မထင်သလို သတ်ပစ်တာတွေကို လည်းဒီဇာတ်ကားမှာတွေ့ရမှာပါ။ ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ကြည့်ကြည့်ကြပါလို့တိုက်တွန်းပါတယ်…..Crd: Channel Myanmar
Related