ဒီတစ်ခါတော့ ကုလားကားပရိတ်သတ်တွေအတွက် ၂၀၁၈ ခုနှစ်ထွက် Soni ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းကတော့ ဒေလီမြို့ရဲ့ညဘက်အချိန်တွေမှာ ဒုစရိုက်မှုများကင်းစင်အောင် ပတ်တရောင်ကင်းလှည့်ဆောင်ရွက်နေတဲ့ ရဲအရာရှိမ ဆိုနီရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ…သူမဟာညတွေဘက်မှာ ပြည်သူအသွင်ယူပြီးလျှို့ဝှက်လှုပ်ရှားရတဲ့ ပြီး သွက်လက်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်သလို ဒေါသလဲအလွန်ထွက်လွယ်တဲ့သူလဲဖြစ်တယ်..သူ့အကြောင်းကိုသိတဲ့ သူမရဲ့အထက်အရာရှိစခန်းမှူး ကတ်ပနားဆိုသူတစ်ယောက်က ဆိုနီ့ကိုအမြဲလိုလိုလိုက်ပြီးလက်မလွန်အောင် ပြဿနာကြီးကြီးမားမားမဖြစ်အောင် ခြောက်တစ်ခါချော့တစ်လှည့်နဲ့ လိုက်ပြီးဆုံးအပြောဆိုနေရတယ်…ဆိုနီကလဲမဟုတ်မခံ သူ့ကိုလာပြီးဆဲဆိုမိုက်ရိုင်းရင်ဆတ်ဆတ်ထိမခံတဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ..တစ်နေ့မှာတော့အရက်မူးပြီးမောင်းလာတဲ့ အိန္ဒိယရေတပ်ကအရာရှိတွေနဲ့ စကားများခဲ့ကြရန်ဖြစ်ခဲ့တဲ့နောက်မှာတော့ဆိုနီ့ကိုတခြားဌာနတစ်ခုကိုပြောင်းရွှေ့တာဝန်ပေးလိုက်တယ်…အဲ့အချိန်မှာသူမရဲ့အထက်အရာရှိဖြစ်တဲ့ ကတ်ပနားက သူမကိုအရင်နေရာမှာပဲ တာဝန်ထမ်းဆောင်ခွင့်ရအောင်ပြန်လုပ်ပေးလိုက်ပေမယ့်ဒေါသမာနအိုးတစ်ယောက်ဖြစ်တဲ့ဆိုနီကနောက်ထပ်ဘယ်လိုမျိုးပြဿနာတွေ ဆက်ကြုံရမလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်လိုက်ပါဦး…..Crd: Channel Myanmar
Related