မကြာသေးခင်ကမှ ကလေးအဖေ ဖြစ်လာတဲ့ဖခင်အသစ်လေး ကန် တစ်ယောက် ကလေး ဘယ်လိုထိန်းရမယ်ဆိုတာ သဘောမပေါက်သေးသလို ညစာလဲ ငတ်နေပါသေးတယ်။ ဒါကတော့ ကလေးရှိတဲ့ မိဘ တိုင်း ညစာ ငတ်တာပါပဲ။
စိတ်ဒုက္ခတွေ ရော အနှောက်အယှက်တွေရော ဝင်ပြီးတဲ့ နောက် တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့နေရာက ဖုန်းတစ်ခုဝင်လာပါတယ်။ ကန် ရဲ့ အမေ ဆီက ဖြစ်ပြီး ကန် ငယ်ငယ်ထဲက ထွက်သွားတဲ့သူ့ အဖေ ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်…
ကန် အတွက်ကတော့ ဘာမှ မခံစားရသလိုပဲ သူ့အလုပ်သူ ဆက်လုပ်နေပါတယ်….အသုဘ သွားရင်ကောင်းမလား လို့ မိန်းမဖြစ်သူကိုသွားမေးတော့ ရှင့် အဖေ မဟုတ်ဘူးလား ဆိုပြီး မဆီမဆိုင် မိန်းမ က ဝမ်းနည်းပြီး ငိုပါလေ ရော။
ဒါနဲ့ ကန် တစ်ယောက် မချစ်တဲ့ အဖေ ရဲ့အသုဘ ကို အမေ နဲ့ အတူ ရောက်သွားတယ် ဆိုပါတော့။ ကန် အတွက် ကံ ကောင်းတာကတော့ သူ့အဖေ က တစ်ဦးထဲသော သားအတွက် အမွေ ချန်ထားပေးခဲ့ပါတယ်။ အဲ့ဒီ အမွေက ကန် အတွက် နတ်ရေတွင်းပါပဲ။ သူ့လုပ်ငန်းတစ်ခုတည်ထောင်နိုင်တဲ့အထိ ရရှိမှာပါ…
ဒါပေမဲ့ ထူးထူးဆန်းဆန်း အမွေ ရယူဖို့ အတွက်သူ့အဖေ ခိုင်းတဲ့ ကိစ္စ ကလဲ ရှိနေပြန်ပါတယ်။အဲ့ဒီ ကိစ္စ အောင်မြင်မှ အမွေရမှာပါ။ အချိန်ကလဲ ရက်ပိုင်းအတွင်းပဲ ပေးထားပါတယ်။
သူ့အဖေ ဂေါက်တောက်တောက် စီမံ ခဲ့တဲ့အမွေ စာချုပ် ကြောင့် ကန် တစ်ယောက်ဘာတွေ သောက်တလွဲ လုပ်ရမယ်ဆိုတာ ပရိတ်သတ်များ ဆက်ကြည့်ရှုလိုက်ကြပါအုံး…စကားလုံး အသုံးအနှုန်းများ ရိုင်းပြတဲ့အတွက်မိသားစု နဲ့ အတူ ကြည့်ရှုလို့ အဆင်မပြေပါ……Crd: Channel Myanmar
Related