ပရိတ်သတ်ကြီးအတွက် ကိုယ့်ကို ကို Brainwash လုပ်လို့ကောင်းမယ့်ဇာတ်ကားတစ်ကား တင်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားက ကိုယ့်ကိုကို ပြန်ပြီးစစ်တိုက်နေရသလိုမျိုး parallel universe ပုံစံမျိုးပါ စတန်ဒန်ဦးဆောင်ပြီး စစ်ဆင်ရေးတာဝန်တစ်ခုနဲ့ လာခဲ့တဲ့ စစ်သားတွေက ဂိတ်ပေါက်တစ်ခုကနေ ဝင်ကမ္ဘာထဲရောက်သလို သံသရာလည်ပြီး ထွက်ပေါက်တွေ့ဖို့ခက် ပုံစံတူ လှေကားတွေပဲ ထပ်တလဲလဲတက်နေရပါတယ်။
အောက်ကိုဆင်းလို့မရပါဘူး။ အောက်ကိုဆင်းသွားရင် အောက်ထပ်ရောက်တဲ့အခါ သေတာပါပဲ။
နောက်ပြီး ဂိတ်ပေါက်ကနေထွက်လာရင်လည်း ဒီစစ်ကွင်းပြင်နေရာကိုပဲ ပြန်ရောက်လာတာပါ။
ဝင်ကမ္ဘာလိုမျိုးဖြစ်နေတာပါ။ အဲ့ဒီဂိတ်ကိုရောက်သွားတာက ရန်သူ့စခန်းကိုဝင်စီးပြီးမှပါ။
သူတို့အဖွဲ့လာခဲ့တဲ့ တာဝန်ကတော့ ရန်သူ့စခန်းကိုဝင်စီးပြီး တွေ့သမျှသူတွေအကုန်သတ် ရသမျှသတင်းအချက်အလက်တွေယူဖို့ စစ်ဆင်ရေးနဲ့လာခဲ့ပါတယ်။
အဲ့ဒီ့စခန်းမှာရောက်တော့ အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ကို မသတ်သင့်ဘဲ စတန်ဒန်ရဲ့ခေါင်းမာမှုကြောင့် ပစ်သတ်လိုက်ပါတယ်။
ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ။ အဲ့အမျိူးသမီးကို ဒေသခံတွေ သေမင်းတမန်တော်ဆိုပြီး သမုတ်ကြတာပါ။ စောနကအပေါ်မှာရေးခဲ့သလိုပဲ သူတို့ဟာ ဒီအချိန် ဒီနေ့ရက်ကိုပဲ ပြန်ပြန်ရောက်ရောက်လာတာနဲ့ကြုံနေရတာပါ။
အဲ့ဒီ့ အဖမ်းခံထားရတဲ့ သေမင်းတမန်လို့ခေါ်ကြတဲ့ အမျိုးသမီးကို မသတ်ခဲ့ရင် သူတို့အနေနဲ့ အသက်ရှင်ဖို့ လမ်းစကိုတွေ့နိုင်မှာလား၊ ဘာတွေဆက်ဖြစ်ကြမလဲ၊ အဲ့ဒီ့အမျိုးသမီးကိုရော ကယ်တင်နိုင်မှာလား၊ လှေကားထစ်တွေမှာ ရွာလည်ပြီး အစကိုပြန်ပြန်ရောက်သွားတော့ရော သူတို့ကို ဘာတွေက ဒုက္ခပေးအုံးမှာလဲ၊
သူတို့နဲ့ သူတို့ရဲ့တခြားဘဝတွေပြန်တိုက်ခိုက်ကြမှာလား၊ ဘယ်လိုတွေဇာတ်သိမ်းမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…… Credit: Channel Myanmar
Related