“ဘယ်သူပြိုင်လို့လှပါတော့နိုင် “ဆိုတဲ့ဇာတ်ကားကို ဆရာကြီးဦးသုခရိုက်တော့ လူကြမ်းသရုပ်ဆောင် ဦးအံကျော်ကြီးပါလာတယ်…အမြဲတမ်း လူကြမ်းဗီလိန် သရုပ်ဆောင်သော ဦးအံကျော်ကြီးကဆရာကြီးဦးသုခရဲ့ ဇာတ်ကားထဲတွင် စာမတတ်ပေမတတ် ကိုချစ်စရာအဖြစ်သရုပ်ဆောင်ပြီး ထန်းလျက်တောင်းကြီးထမ်းကာ ဆရာမလို့ရင်ခေါင်းသံကြီးအော်ခေါ်ပြေးလိုက်တဲ့ ဟန်ပန်က
ကျွန်တော်တို့အားလုံးကိုမျက်ရည်စို့စေခဲ့သည်…ဒီကားနဲ့ပင် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည်….ဆရာကြီးဦးသုခလို လူမျိုးကြီးနဲ့ လက်တွဲခွင့်ရလိုက်တဲ့ ဦးအံကျော်ကြီး ကံကောင်းတယ်လို့ပင်ပြောရမည်လားမသိပေ… ဒီဘက်ခေတ်မှာတော့လူကြမ်း၊ဗီလိန်၊ဟာသသရုပ်ဆောင်တွေအတွက် လုပ်ကွင်း လုပ်ကွက် အတော်နည်းသည်မှာအထွေအထူးငြင်းစရာမရှိပေ….ဒီကားကတော့ Oliver Hardy(John C.Reilly) နဲ့ Stan Laurel(Steven Coogan) တို့နှစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်…သူတို့(၂)ယောက်ဟာ အတွဲညီညီ ပြောက်မြောက်တဲ့ ပြက်လုံးတွေကြောင့် ငယ်စဉ်အခါမှာတော့အတော်အောင်မြင်ခဲ့ပါတယ်…နောက်ပိုင်း ခေတ်ကာလ အပြောင်းအလဲကြောင့် လူတွေက သူတို့ကို သိပ်မကြိုက်ကြတော့ပါဘူး..သူတို့ရဲ့အရည်အချင်းကို အကောင်းဆုံးအသုံးချပေးမယ့် သူ လက်တွဲဖေးမပေးမယ့်သူလည်းမရှိဘူး…သို့ပေမယ့် သူတို့(၂)ယောက်လက်မလျော့ခဲ့ဘူး…သူ့တို့ရွှေခေတ်ကိုပြန်ရောက်ဖို့ တက်ညီလက်ညီကြိုးစားတဲ့အခါမှာတော့…ကိုင်း သူတို့ဘယ်လိုကြိုးစားကြလဲ…သူတို့အောင်မြင်နိုင်ပါ့မလား…ဒီကားကိုကြည့်ရင်း ရှေးခေတ်တင်ဆက်ပုံတွေကိုကြည့်ရမှာဖြစ်သလို သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကြား၊ ထုတ်လုပ်သူတွေ၊ ခေတ်အလိုက်ပရိတ်သတ်တွေကို တစ်ခါထဲဗဟုသုတရဖွယ်တွေ့ရှိပါလိမ့်မယ်…ကိုင်း ခံစားကြည့်လိုက်ပါဦး……Crd: Channel Myanmar
Related