ဒီကားထဲမှာတော့ ဂျမဲလာဆိုတဲ့ လူမဲမလေးဟာ အရမ်းတော်တဲ့သူ့ချစ်သူနဲ့အတူ ဟားဘက်ကိုတက်ချင်ခဲ့ပါတယ်။
ဒါပေမဲ့ အမြဲလိုလို ပြည့်စုံဖို့ကြိုးစားနေတဲ့ သူ့အမေက ဂျီပီအေ ၄.၀ ကျော်မှ သူ့ကို တက်ခွင့်ရအောင်ထောက်ခံပေးမယ်လို့ပြောလို့ အရမ်းစိတ်ညစ်ပြီး လူဖြူပါတီကိုသွားမိရာက ဇာတ်လမ်းလေးစခဲ့ပါတယ်။
လူဖြူမတွေကို လူမဲအက ကတတ်အောင် ကြိုးစားနိုင်ရင် ဟားဘက်တက္ကသိုလ်ကိုတက်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူဖြူအရိုင်းမလေးတွေကို အကသင်ပေးခဲ့ပါတယ်။
ဒီလိုအကသင်ပေးရင်း ကြုံရတဲ့အခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားတတ်တဲ့ သူ့သူငယ်ချင်းတွေနဲ့ အမေကြား ဗျာများခဲ့ချိန်မှာ အကောင်းဆုံးလို့ထင်ထားတဲ့ သူ့ချစ်သူက သူ့ဘက်မှာမရှိဘဲ သူ့ကိုတကယ်မချစ်နိုင်မှန်းသိခဲ့ပါတယ်။
အဲဒီအချိန်မှာ ဟာသတွေပြောပြီး ကြင်နာတတ်တဲ့ လူမဲကောင်လေးနဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။
ဒီလို လူငယ်တွေကြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သင်ခန်းစာပြရိုက်ထားတဲ့ ဇာတ်မြူးဟာသကားလေးတစ်ကားပါ။
လူမဲအကကို အသားပေးရိုက်ထားတာဖြစ်တဲ့အတွက် အလန်းစားအကတွေအကြောင်းကတော့ ထည့်ပြောဖို့တောင်လိုမယ်မထင်ပါဘူး။
နောက်ဆုံးမှာ လူမဲမလေး ဂျမဲလာတစ်ယောက် ဟားဘက်ကိုတက်ခွင့်ရရဲ့လား သူ့ချစ်သူအသစ်နဲ့ရော ဘယ်လို ရင်ခုန်စရာလေးတွေရှိခဲ့လဲဆိုတာတော့ ဒီကားလေးထဲမှာ ကြည့်လိုက်ကြပါဦး။ လုံးဝစိတ်မပျက်စေရမယ့် ကားကောင်းလေးဆိုတာ အာမခံလိုက်ပါရစေ…..Credit: Channel Myanmar
Related