Stockholm Syndrom ဆိုတာဟာ ကိုယ့်ကိုဖမ်းချုပ်ထားတဲ့သူကို ခင်မင်ယုံကြည်လာပြီး သဘောကျလာမိတာမျိုးကိုခေါ်ပါတယ်။
များသောအားဖြင့်သော ပြန်ပေးဆွဲခံရသူများနဲ့ ပြန်ပေးဆွဲသူတို့အကြားမှာ ဖြစ်တတ်ပါတယ်။
ပြန်ပေးဆွဲခံရတဲ့သူတွေက ပြန်ပေးဆွဲတဲ့သူက သူတို့အပေါ်ကိုနည်းနည်းလေးကောင်းတာလေးလုပ်ပေးလိုက်ရင် သူတို့ရဲ့ကျေးဇူးရှင်ကြီးအလားသတ်မှတ်မိပြီး အကောင်းမြင်လာကြပါတော့တယ်။
ဒီ “Stockholm” ဆိုတဲ့ဇာတ်ကားကို Stockholm Syndrom အစပျိုးစေခဲ့တဲ့၁၉၇၃ခုနှစ်က Stockholm မြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်သည့်ဖြစ်ရပ်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာ လားစ်ဟာ ဘဏ်ကိုဓားပြဝင်တိုက်လိုက်ပြီးလူအချို့ကိုရဲတွေနဲ့ညှိနှိုင်းရာမှာအသုံးချဖို့အတွက် ဓားစာခံတွေအဖြစ်ဖမ်းထားခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ Stockholm Syndrom ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာနဲ့အဲ့ Syndrom ကဘယ်လိုဘယ်ပုံဆိုတာကို ဒီဇာတ်ကားလေးကြည့်ရှုရင်းနဲ့ပဲ…..Crd: Channel Myanmar
Related