လူငယ်ဘဝမှာ မှားခဲ့တာတွေလည်းရှိမယ်။ မှန်ကန်တာတွေလည်းရှိမယ်။ တစ်လွဲအယူမှားနေတာတွေလည်းရှိမယ်။ မဆင်မခြင်လုပ်မိတာတွေလည်းရှိမယ်။ ရူးမိုက်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အပိုင်းအခြားကာလတစ်ခုပေါ့။
ဒီ Stupid Young Heart ဆိုတဲ့ကားလေးထဲမှာ အထက်တန်းကျောင်းသားလေးတစ်ယောက်နဲ့ကျောင်းသူလေးတစ်ယောက်တို့ အရွယ်မတိုင်မှီ ကျူးလွန်ခဲ့ကြပြီး ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတဲ့အခါ ဘာတွေရင်ဆိုင်ကြရလဲ။
ဘယ်လိုကျော်ဖြတ်ကြရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။လောကကြီးမှာ ဖြစ်တတ်တဲ့ အရာတွေအကြောင်းကိုရိုက်ကူးပြသထားတဲ့ ဘဝရသကားတစ်ကားမို့ အားပေးကြပါဦး…..Crd: Channel Myanmar
Related