ISIS တွေဆီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့မရိန်းတပ်သားနှစ်ယောက်ဖြစ်တဲ့ Blackbear နဲ့ Cowboyတစ်ယောက်က အကြမ်းဖက်သမားတွေထိုးပေးလိုက်တဲ့ဆေးကြောင့် ရောဂါရနေချိန်မှာတစ်ယောက်က သူ တပ်ထဲမဝင်ခင်က စွန့်လွှတ်ထားခဲ့တဲ့ လက်ဝှေ့လောကဆီကို ခြေပြန်ဆန့်တယ်။
သူ ဒီလောကထဲ ပြန်ဝင်ရတဲ့အကြောင်းရင်းကသူနဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ သူ့သူငယ်ချင်းအတွက်ဆေးကုသစားရိတ်ကို ရှာပေးဖို့အတွက်ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်တာပဲ ဖြစ်ပါတယ်။
လက်ဝှေ့ကြိုးဝိုင်းထဲကို သူ ပြန်ဝင်ရောက်လာတဲ့အချိန်မှာပဲသူ့ရဲ့အတိတ်က ဇာတ်လမ်းဟောင်း၊အဆက်ဟောင်းတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။
ဇာတ်ရဲ့လှည့်ကွက်ကတော့ တစ်ရစ်ချင်းဖြည်သွားမှာ ဖြစ်တဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေဦး။
လက်ဝှေ့လောကကို ချဉ်းကပ်ခွင့်ရမယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။
ဇာတ်လမ်းရဲ့အနှစ်သာရကတော့စကားတစ်ခွန်းနဲ့တင် ပြည့်စုံပါတယ်။
“ဘဝလို့ ကျွန်တော်တို့ခေါ်တဲ့ ခရီးရှည်ကြီးကကျွန်တော်တို့ကို ဘယ်ဆီခေါ်ဆောင်သွားမယ် ဆိုတာကိုကျွန်တော်တို့ မသိနိုင်ပါဘူး။ဒီဘဝမှာ ဘုရားကပေးတဲ့ လက်ဆောင်တွေထဲကအကောင်းဆုံးလက်ဆောင်ကတော့ ‘ခင်မင်မှု’ ပါပဲ။မေတ္တာတရား နဲ့ ခင်မင်မှု …..ဒီနှစ်ခုကို ခွဲခြားထားလို့ မရပါဘူး”
ဒီဇာတ်ကားထဲမှာ မှတ်မှတ်ရရ ရှိနေမယ့်စကားလုံးတစ်လုံးကတော့ ‘Semper Fidelis’ ဆိုတဲ့ လက်တင်စကားပါ။
အင်္ဂလိပ်လိုတော့ ‘Always Faithful’ ပါ။အမြဲတမ်း သစ္စာရှိပါ့မယ် ဆိုတဲ့ စကားကတစ်ကားလုံးရဲ့အနှစ်သာရပါ။လက်ဝှေ့ကားကောင်းကောင်းကိုဒရာမာလေးနည်းနည်းစွက်ထားတဲ့မေတ္တာဖွဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ….Crd: Channel Myanmar
Related