ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်လာတဲ့ Swipe ဆိုတဲ့ comedy ကားလေးပါ။
ဟာသတွေ တဝါးဝါးတဟားဟားနဲ့ ရယ်နေတာမျိုးမဟုတ်ပေမဲ့ ကြည့်နေရင်း ပြုံးသွားစေမယ့် ဇာတ်ကွက်လေးတွေနဲ့ မပျင်းရတဲ့ ဇာတ်ကားလေးပါ။
ဒီကားလေးထဲမှာ ဂျိမ်းစ်ဆိုတဲ့ ကွန်ပျူတာသိပ္ပံမှာ genius လေးတစ်ယောက်ဟာ ကောလိပ်တက်ဖို့ သွားရာက စပြီး အခြေတည် ရိုက်ပြထားပါတယ်။
သူကတော့ နေ့စဉ်ကွန်ပျူတာတွေ ဖုန်းတွေနဲ့ပဲ မျက်နှာချင်းဆိုင်နေတဲ့ ခေတ်လူငယ်လေးတစ်ယောက်ဖြစ်လို့ သူ့မိဘမောင်နှမတွေဟာ သူ့အချစ်ရေးနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ အမြဲစိတ်ပူပေးနေရပါတယ်။
ကောလိပ်ရောက်တဲ့အခါ တွေ့ရတဲ့ သူ့ရဲ့ အခန်းဖော်ကတော့ စော်ကြည်ဘဲတစ်ယောက်ဖြစ်နေပါတယ်။
ကွန်ပျူတာသိပ္ပံတန်းမှာ တော်လွန်းတဲ့ ဂျိမ်းစ်ကို သူ့အခန်းဖော် လန့်စ်က ကြင်ဖက်ရှာ app တစ်ခု ရေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဂျိမ်းစ်တစ်ယောက် လက်ခံလိုက်ပြီးနောက် လန့်စ်တောင်းဆိုတဲ့ အချက်အလက်တွေအကုန်ထည့်ပေးပြီး JUNGLE ဆိုတဲ့ app လေးကို ရေးပေးခဲ့တဲ့အခါ လောကကြီးမှာ ဘာတွေ ဖြစ်ကုန်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါနော်။
ဂျိမ်းစ် အထက်တန်းကျောင်းကတည်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ ဟန်နာဆိုတဲ့ ကောင်မလေးကတော့ ကြင်ဖက်ရှာ app တွေကို မသုံးတဲ့အပြင် အချစ်ဆိုတာကို တန်ဖိုးထားးတတ်တဲ့သူပါ။
JUNGLE လိုမျိုး ယောက်ျားလေးတွေ ဘက်ကနေပဲ တစ်ဖက်သတ် အသားစီးယူပြီး ကြင်ဖက်ရှာတဲ့ app မျိုးကို ဂျိမ်းစ်ရေးခဲ့တယ်ဆိုတာ ဟန်နာသိသွားတဲ့အခါမှာရော ဘာတွေဖြစ်သွားမလဲ။
ဂျိမ်းစ်တစ်ယောက် အချစ်ရေးမှာ အဆင်ပြေပါ့မလားတစ်သက်လုံး FA ဘဝနဲ့ပဲ အရိုးထုတ်သွားရလားဆိုတာတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်လိုက်ကြပါတော့နော်….. Crd: Channel Myanmar
Related