ဒီတစ်ခါ ရုရှားတင့် battleကားထဲမှာတော့ အရင်တစ်ခါကအောင်မြင်ကျော်ကြားခဲ့တဲ့ တီ-၃၄တင့်မဟုတ်တော့ဘဲနဲ့ KV Tank ကေဗွီတင့်တစ်စီးနဲ့ ပတ်ကြမ်းခဲ့တဲ့ တင့်တိုက်ပွဲဇာတ်ကားဖြစ်ပါတယ်…
ဒီဇာတ်ကားဟာ တစ်ကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ Semyon Konovalovဟာအစောပိုင်းမှာ နယ်မြေစိုးမိုးနေတုန်း အမှတ်မထင်ဘဲ ရန်သူ့ပန်ဇာတင့်တစ်စီးရဲ့ ချုံခိုတိုက်ခိုက်ခြင်းခံလိုက်ရတယ်…
အဲ့နောက်မှာ Konovalov ဟာကံကောင်းထောက်မစွာ အသက်ရှင်ကျန်ခဲ့ပြီး တပ်ရင်းတစ်ရင်းကိုပြန်ရောက်လာခဲ့တယ်…
အဲ့မှာသူနဲ့ကျောင်းနေဖက်အတန်းဖော်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးတစ်ယောက်နဲ့ကြားမှာ အဖုအထစ်လေးတွေရှိခဲ့ပြီး သူ့ကိုသုံးစားမရတဲ့ ကေဗွီတင့်အဟောင်းတစ်စီးကိုပေးအပ်ခဲ့တယ်…
Konovalov လဲ ရှိတဲ့ပစ္စည်းနဲ့ကောင်းအောင်ပြင်ဆင်နေတုန်း တစ်နေ့မှာဗိုလ်မှူးက ရှေ့တန်းတစ်နေရာကို ကင်းထောက်ထွက်ဖို့ Konovalov အား တာဝန်ပေးအပ်လာတဲ့အခါမှာတော့…
တင့်အဟောင်းကြီးရနေပေမယ့် သူဘယ်လိုပတ်ကြမ်းခဲ့မလဲဆိုတာကိုတော့ စစ်ကားကြိုက်သူတို့ ခံစားကြည့်လိုက်ပါဦး…..Crd: Channel Myanmar
Related