ဒီတခါတော့ တရုတ်ပြည်သမိုင်းမှာထင်ရှားခဲ့တဲ့ တာအိုဆရာတော်ကျန်းတောက်လင်ရဲ့အကြောင်းရိုက်ကူးထားတဲ့ 龙虎山张天师 လုံဟူတောင်ကဆရာကျန်းဆိုတဲ့ ဇာတ်ကားတကားတင်ဆက်ပေးချင်ပါတယ်။
ဆရာကျန်းဟာတာအိုဘာသာကိုသက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။
ဒီနေရာမှာတာအိုဘာသာနဲ့နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။
တရုတ်ပြည်ကနေဆင်းသက်ထွက်ပေါ်လာခဲ့တဲ့တာအိုဘာသာက ဗုဒ္ဓဘာသာလို သေပြီးနောက်ဘဝမှာလူဝင်စားဖြစ်နိုင်တယ်တို့ လူတွေကကမ္ဘာပေါ်နေပြီး သရဲတွေ(ငရဲပြည်)က အောက်မှာနေတယ်တို့ စတဲ့အချက်အတော်များများ တူပါတယ်။
တာအိုဆိုတာက dao(道အသံထွက်-တောက်) ဆိုတဲ့စကားကိုမြန်မာသံပြောင်းထားတာပါ။
ဒီဇာတ်ကားမှာက တာအိုဘာသာကိုခုတုံးလုပ်ပြီး စုန်းမကြီးတစ်ဦးနဲ့ပူးပေါင်းကာ မသေလမ်းကိုလိုက်ချင်နေတဲ့ အဘိုးကြီးတစ်ဦးအပေါ် တာအိုဆရာကျန်းကဘယ်လို အနိုင်ယူမလဲဆိုတာကိုစောင်ကြည့်ကြရမှာပါ……. Crd: Channel Myanmar
Related