ဒီဇာတ်ကားလေးကတော့ ထိုင်းဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အခုလက်ရှိအမျိုးသမီး ဂေါက်သီးရိုက်အားကစားလောကမှာ ထိပ်တန်းစာရင်းဝင်ဖြစ်နေတဲ့ မေ နဲ မို ဆိုတဲ့ ညီအစ်မ နှစ်ယောက်ရဲ့ဇာတ်လမ်းလေးပါပဲ။
ဖခင်ဖြစ်သူက သူ့သမီးနှစ်ယောက်စလုံး တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂေါက်သီးရိုက်အားကစားသမားတွေ ဖြစ်လာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်
မေ နဲ့ မိုတို့ဟာ ပြင်းထန်တဲ့ Training တွေနဲ့ ငယ်စဉ်ကတည်းကပင်ကြီးပြင်းခဲ့ရတာပါ။
မေ နဲ့ မိုတို့ကလဲ ပါရမီပါတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပင် လက်စွမ်းပြနိုင်ခဲ့ကြပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ ကလေးဘဝကနေ လူကြီးဘဝအထိ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ကံကြမ္မာအတက်အကျ အမျိုးမျိုးအဖုံဖုံတွေကို တင်ဆက်ဇာတ်လမ်းဆင်ထားတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီဇာတ်ကားက ဂေါက်သီးရိုက်အားကစားအကြောင်းမဟုတ်ပါဘူး။
ကလေးတိုင်းကလေးတိုင်းမှာ သူ့ပါရမီနဲ့သူရှိတယ်၊ အဲ့ဒါကို မိဘဖြစ်သူက သိဖို့လိုအပ်သလို၊ မြေတောင်မြှောက်လမ်းကြောင်းတည့်ပေးနိုင်ဖို့ လိုတယ်ဆိုတာကို မီးမှောင်းထိုးပြသွားတာပါ။
ဇာတ်လမ်း၊ ဇာတ်ကွက် အသွားအလာတွေက ရိုးရှင်းပေမယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးလဲဖြစ်၊ မင်းသမီးလေးတွေကလဲ ချစ်ဖို့ကောင်း၊ မိသားစုနဲ့အတူကြည့်လို့ကောင်းတဲ့ကားလေးမလို့ ကြည့်ရကျိုးနပ်မယ့်ဇာတ်လမ်းဖြစ်ကြောင်း လက်တို့ပေးလိုက်ပါတယ်ဗျာ……Crd: Channel Myanmar
Related