2019 ထဲမှာမကြာသေးခင်ကမှ ထွက်ရှိထားတဲ့ The 9th Precinct ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်…
ဒီကားလေးဟာ စုံထောက် ဇာတ်ကားတွေ ကြိုက်နှစ်သက်သူတို့ သဘောကျမယ့် ကားတစ်ကားဖြစ်ပြီး
သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားပြီး IMDb – 6/10 ရရှိထားပါတယ်…
ထူးချွန်ပြီးတာဝန်ကျေတဲ့ ရဲသားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ချန်ချားဟောင်ဆိုတဲ့ လူငယ်လေးဟာ ငယ်စဉ်ကတည်းက သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့နေရသူပါ …
အထူးသဖြင့် သာမန်လူတွေမမြင်ရတဲ့ တစ္ဆေတွေ ဝိဥာဉ်တွေကို မြင်နေရတဲ့သူပေါ့…တစ်ည တာဝန်ချိန်တစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကားတစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေ ကားမောင်းသမားဟာ သူ့နဲ့သူ့ရဲ့ တွဲဖက်ကို သေနတ်နဲ့ပစ်သွားခဲ့ရာကနေ တွဲဖက်သေဆုံးခဲ့တာဖြစ်ပါတယ်…
ဒီသေဆုံးမှုကနေ အစပြုလို့ ထူးခြားတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ သူ့အတွက် ဖြစ်လာခဲ့ပါတယ်…
ဒီဇာတ်ကားလေးဟာ ကြည့်ရှုသူတွေအတွက် ဖျော်ဖြေရေးတစ်ခုဖြစ်ရုံမက အတွေးအမြင်တစ်ခုခု ရစေမယ်လို့လည်း
ယုံကြည်မိသောကြောင့် ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားတော်မူကြပါ…Crd: Channel Myanmar
Related