Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့ Comic book အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့ အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။
ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။
အမှုရဲ့ အရိပ်အမြွက်ပြောရင်ကိုကားရဲ့ အရသာပျက်ပြီမလို့ အမှုအကြောင်းတော့ထည့်မရေးတော့ပါဘူး။ ကိုရီးယားကားတစ်ကားအနေနဲ့တောင်အတော်လေး ဇာတ်အိမ်ခိုင်ပြီး Rating ဒီထက်ပိုရသင့်တဲ့ ကားလို့လည်း Personal အရ မြင်မိရလောက်အောင်အတော်လေး ဆွဲဆောင်မှုရှိတဲ့ ကားပါ။
ဒရာမာ နည်းနည်းချိုးပေမဲ့ စိတ်ပြေလက်ပျောက်ကြည့်ဖို့ အတော်လေးသင့်တော်တဲ့ စုံထောက်ဟာသကားလည်း ဟုတ်ပါတယ်။
Running Man ထဲက သစ်ကုလားအုတ်လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ စိတ်ညစ်ရတဲ့ တစ်နေ့တာမှာစိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင်ကြည့်ကို ကြည့်သင့်တဲ့ ကားလို့ Recommend ပေးချင်ပါတယ်။
လူသားဆန်မှုဆိုတာကိုလည်း ရိပ်ခနဲ မြင်ရအောင် ရိုက်ထားပေးတဲ့ ဒီကားလေးရဲ့ IMDB Ratingကတော့ 6.5 ပါ။ Ratingထက်ပိုရတဲ့ ကားဆိုတာတော့ သေချာပါတယ်…..Crd: Channel Myanmar
Related