ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန် တွေ သိမ်းပိုက်စဉ်ကာလကို အခြေပြုရိုက်ကူးထားတာပါ…..
ဂျပန်တွေရဲ့ရက်စက်မှုတွေဟာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးက ရှုံ့ချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်….
သိမ်းပိုက်စဉ်ကာလမှာ ကိုးရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ တတ်စွမ်းသရွေ့ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်…
ဒီကားကတော့ အဖွဲ့ သား၁၆ယောက်နဲ့ ဂျပန် အယောက် ၅၀၀ကို ပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ….
ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့အရည်အချင်းတွေကို အသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကို အားရစရာကြီးတွေပါ…
ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ…. ပြောက်ကျားစစ်ဟန်တွေရယ်…အရေးကြီးခေါင်းဆောင်တွေကို
စနိုက်ပါတွေနဲ့ချောင်းမြောင်းပစ်ခတ်တာတွေ …ဂျပန်စစ်ခေါင်းဆောင်တွေနဲ့ စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့ တော်တော်ကြီးကို မိုက်ပါတယ်…
နောက်တစ်ခုက ရိုက်ချက်တွေက တော်တော်ကိုမိုက်သလို ကိုရီးယားစစ်သားတွေရဲ့ နာကျဉ်းချက်အောက်က ဓားချက် သေနတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ ဂျပန်တွေရဲ့ပုံကိုလည်း ထင်သာမြင်သာအောင် ပြထားတာက အားရစရာကြီးတွေပါပဲ…….
ခံစားကြည့်လိုက်ပါဦး…
သရုပ်ဆောင်တွေက နာမည်ကြီးသရုပ်ဆောင်တွေကြီးပါတဲ့အပြင် ပြသချိန် ၂ နာရီကျော်မှာလည်း အီသွားတာကိုမရှိသလောက်ပါပဲ……Crd: Channel Myanmar
Related