” မဖြစ်နိုင်ဘူးဆိုတဲ့အဖြေတစ်ခုကိုကျွန်မဘယ်တော့မှလက်မခံနိုင်ဘူး…ဒါကျွန်မရဲ့အဖြေမဟုတ်ဘူး…ကျွန်မတို့အားလုံးကထွက်တဲ့သွေးရောင်တွေဟာအကုန်အတူတူပဲမဟုတ်လား…ဒီတော့ကျွန်မယုံကြည့်ချက်အတိုင်းဆက်လုပ်တယ်….”
ဒါကတော့လူမည်းအမျိုးသမီးဖြစ်သူမစ္စအေ ယုံကြည်ပြုမူပြောဆိုလှုပ်ရှားခဲ့တဲ့စကားပေါင်းများစွာထဲကအချို့ပါ….
ဒီကားကအမေရိကားမှာလူဖြူလူမည်းကြောင့်ပြည်တွင်းစစ်ဖြစ်ပွားပြီးခဲ့သော်လည်းတောင်ပိုင်းသားတွေကလူမည်းတွေကိုမတူမတန်သလိုနှိမ်ချချင်နေကြတုန်းကာလတစ်ခုကိုအခြေခံရိုက်ကူးထားခဲ့တာပါ။
လူမည်းတွေကလည်းသူတို့ရဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့အစိုးရကျောင်းတွေကိုလူဖြူလူမည်းမခွဲခြားပဲနှစ်မျိုးလုံးတက်ရောက်နိုင်တဲ့ပူးတွဲကျောင်းတွေအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်မှန်အဖြစ်တွေကိုသရုပ်ဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။
ဒီကားကတကယ်စိတ်ခွန်အားတွေရရှိစေသလိုဇာတ်ကားကလည်းစိတ်ဝင်စားအောင်ရိုက်ကူးထားပါတယ်….
ဒိုင်ယာလော့တွေကလည်းခမ်းနားသလိုသရုပ်ဆောင်တွေကလည်းဝါရင့်သရုပ်ဆောင်တွေမို့လို့အသက်ပါလွန်းပါတယ်….ခံစားကြည့်လိုက်ပါဦးဗျို့…..Crd: Channel Myanmar
Related