Happy Movies
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
Happy Movies
No Result
View All Result
Home Action

The Billionaire (2011)

2.505 Views
3 months ago
393 8
0
Share
Facebook Twitter Google+
    video

    ဒေါင်းလော့လုပ်ရန်

    ဒီထိုင်းဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb Rating (7.8) ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပါ။

    ရုပ်ရှင်အညွန်းကိုတော့ ဒီဇာတ်ကားကို ကြည့်ဖြစ်စေခဲ့တဲ့ Mel.C Facebook Page က အညွှန်းကိုကူးယူဖော်ပြပြီး မိတ်ဆက်ပေးချင်ပါတယ်။

    —————————————————–

    33 နှစ်အရွယ် ဘီလျံနာတစ်ယောက်ရဲ့ ဘဝလျှို့ဝှက်ချက် (သို့မဟုတ်) သုည မှ Billionaire အဖြစ်သို့ ( စ – ဆုံး )
    သူဌေးလေးရေညှိ -Tao Kae Noi လုပ်ငန်းပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်း
    *တစ်စုတစ်စည်းထဲ ဖတ်လို့ရအောင် ပြန်တွဲပေးလိုက်ပါတယ်နော်*

    ဒီ Tao Kae Noi ရေညှိလေးကို တော်တော်များများ သိကြမယ်ထင်ပါတယ်…
    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထင်တယ်… သူဌေးလေးရေညှိဆိုပြီး နာမည်ကြီးလာတာ… ရေညှိထုပ်လေးက အရသာမျိုးစုံပဲ…
    ကိုက်လိုက်ရင် ကြွပ်ကြွပ်ရွရွလေး… စားသာစားပြီး တစ်ခါမှ ရေညှိထုပ်အိတ်လေးပေါ်က အကျီ ၤ အနီဝတ်ထားတဲ့ အရုပ်လေးအကြောင်း တစ်ခါမှ စိတ်ဝင်တစားမရှိခဲ့ဘူး…
    အမှတ်မထင် စပ်စုမိရာမှ သိလာရတဲ့ ဒီရေညှိထုပ်လေးရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ဖြစ်သူရဲ့ နောက်ကြောင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ သိသလောက်လေး ပြန်မျှဝေလိုက်ပါတယ်နော်…

    Tao Kae Noi ကို စတင်တည်ထောင်သူဟာ ထိုင်းနိုင်ငံသား Aitthipat Kulapongvanich ဖြစ်ပါတယ်။
    ခင်မင်ရင်းနှီးသူတွေကတော့ အတိုကောက် Tob (တော့ဘ်) လို့ပဲ ခေါ်ကြတယ်။
    အဖေက ကုမ္ဗဏီပိုင်ရှင်မို့ မတောင့်မတ မကြောင့်မကျနေရတဲ့ တော့ဘ် ကတော့ ငယ်ငယ်လေးကတည်းက အွန်လိုင်းဂိမ်းကစားတာ မက်တယ်။
    ဂိမ်းထဲမှာ ရတဲ့အမှတ်တွေကို ပြန်ရောင်းရာကနေ ပိုက်ဆံကို စရှာတယ်။
    (ကိုယ်တွေမြန်မာပြည်မှာ Level မြင့် TownHall အဆင့်မြှင့်ထားတဲ့ COC ဂိမ်းအကောင့်တွေကို ပြန်ရောင်းသလိုမျိုး/ Dota မှာ ပစ္စည်းတွေရောင်းသလိုမျိုး)..
    သူက အွန်လိုင်းဂိမ်းမှာ ဆရာတစ်ဆူ… ဂိမ်းထဲမှာ သူများမရနိုင်တဲ့ ရှားပါးပစ္စည်းတွေ လက်နက်တွေ ရတတ်တယ်… အဲဒီဟာတွေကို ပြန်ရောင်းခဲ့တယ်။
    အွန်လိုင်းဂိမ်းကနေ ပိုက်ဆံရှာရာကနေ့သိန်း ၁၆၀ လောက်ဝင်ငွေရှိခဲ့ပြီး ကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ခဲ့တယ်။
    ဒါက တော့ဘ်အထက်တန်းကျောင်း တက်နေတုန်းအရွယ်လောက်ကပေါ့။ အချိန်ပြည့်ဂိမ်းကစားနေတဲ့အတွက် ကျောင်းစာကို မလိုက်နိုင်ဘူး။
    အတန်းတွေပျက် စာတွေမလိုက်နိုင်လို့ အထက်တန်းမှာ ကျောင်းကနေ ထွက်ခဲ့ရတယ်။

    တော့ဘ် ၁၇ နှစ်အရွယ် တော့ဘ်ရဲ့ဖခင်ကုမ္ဗဏီဟာ အကျဉ်းအကျပ်ဖြစ်လာခဲ့တယ်။
    အခက်အခဲတွေ အရှုံးတွေများလာခဲ့တယ်။ တော့ဘ်စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက် တော့ဘ်ရဲ့မိဘတွေဟာ အိမ်ရဲ့စီးပွားရေးအခြေအနေကို တော့ဘ်ကို ပြောမပြဘဲဖုံးကွယ်ထားခဲ့တယ်။
    တစ်ရက်မှာတော့ တော့ဘ်က သူရဲ့မိခင်ကို မုန့်ဖိုးတောင်းတယ်။ တော့ဘ်မိခင်ကတော့ သားအတွက် ပိုက်ဆံကို တစ်အိမ်လုံးအနှံ ချောင်ကြိုချောင်ကြားမှာ
    သိမ်းထားတဲ့ငွေစကြေးစလေးတွေ ရှာဖွေပြီးပေးခဲ့တယ်။ တော့ဘ်ကတော့ မိခင်ရဲ့ မျက်နှာအခြေအနေကိုကြည့်ပြီး အိမ်တွင်းမှာတစ်ခုခုဖြစ်နေပြီလို့ အနည်းငယ်တော့ ရိပ်မိသွားတယ်။
    ခါတိုင်းဆို ပြောလိုက်တာနဲ့ အဆင်သင့်ထုတ်ပေးလေ့ရှိတဲ့ မိခင်က ဒီနေ့မှာ မျက်နှာညှိုးနေတာကို။ နောက်သိပ်မကြာခင်မှာပဲ အကြွေးတွေကတော့ နစ်သထက်နစ်လာခဲ့တယ်။
    တော့ဘ်တို့မိသားစုနေတဲ့ အိမ်နဲ့ခြံကို ဘဏ်မှာ အပေါင်ထားရတယ်။ အိမ်ရဲ့ အခြေအနေကို သိလာတဲ့တော့ဘ်ကတော့ ပိုက်ဆံကို ရသလောက်ရှာရမယ်ဆိုပြီး
    အခွင့်အလမ်းတွေကို အလုပ်အကိုင်ပြပွဲတွေမှာ လိုက်ရှာခဲ့တယ်။ အဲဒီအချိန်မှာ တော့ဘ် အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။

    နောက်တော့ တော့ဘ်က ပြပွဲတစ်ခုမှာ သစ်အယ်သီးလှော်စက်ကို တွေ့ပြီး သူမြတ်မြတ်နိုးနိုး သိမ်းထားခဲ့တဲ့ ဂိမ်းပစ္စည်းတွေကို အကုန်ရောင်းထုတ်ပြီး စက်ကို ဝယ်ခဲ့တယ်။
    ရန်ကုန်မှာ လက်ဖက်ပြောင်းဖူးသုပ်၊ သစ်ချသီးကို ကျောက်စရစ်ခဲနဲ့လှော်သမျိုးပဲ ဘန်ကောက်မှာ သစ်အယ်သီးလှော်ရောင်းတဲ့ဆိုင်လေးတွေကို ဈေးတော်တော်များများမှာ တွေ့နိုင်ပါတယ်။
    တော့ဘ်ရဲ့အဖေကတော့ တော့ဘ်ကို သက်သက်မဲ့ အချိန်ဖြုန်း ငွေဖြုန်းတယ်လို့ပဲ ယူဆပြီး ကျောင်းပြီးအောင်သာ တက်ခိုင်းခဲ့ပါတယ်။ တော့ဘ်ကတော့ ဇွဲမလျှော့ဘူး။
    Lecture လည်းမလိုက် ကျောင်းလည်းမသွား သစ်အယ်သီးနဲ့ ကြီးပွားဖို့ကြံတယ်။ သစ်အယ်သီးကတော့ အရသာကောင်းပေမဲ့ ထင်သလောက်မရောင်းရဘူး။
    အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ကုမ္ဗဏီဟာ ဒေဝါလီခံလိုက်ရတဲ့အပြင် နေတဲ့အိမ်ကလည်း ဘဏ်ကို အတိုးမှန်မှန်မဆပ်နိုင်တဲ့အတွက် ချိတ်ပိတ်ခံလိုက်ရတယ်။
    တော့ဘ်မိဘတွေကလည်း အကြွေးမဆပ်နိုင်တဲ့အတွက်ကြောင့် တရုတ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။ မိဘတွေအကြိမ်ကြိမ် တရုတ်ပြည်ခေါ်တာကို ခေါင်းမာစွာ ငြင်းပယ်ခဲ့တယ်။
    တော့ဘ်အမေဟာလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့အတွက် ဦးလေးဖြစ်သူကို တော့ဘ်ကို စောင့်ရှောက်ပေးပါလို့ တောင်းဆိုရင်း တရုတ်ပြည်သို့ ထွက်ခွာသွားခဲ့တယ်။

    တော့ဘ်စဉ်းစားလို့မရဘူး။ သူရောင်းတဲ့ သစ်အယ်သီးလှော်ဟာ စားကောင်းပေမဲ့ ဝယ်သူနည်းပြီး ဘာကြောင့်မရောင်းရလဲဆိုတာ။ တစ်ရက်မှာ သူဈေးသွားတယ်။
    အခြားဈေးသည်တွေ ဘယ်လိုရောင်းလဲ ဘာကြောင့်ရောင်းကောင်းတာလဲဆိုတာ စနည်းနာဖို့… မှတ်စုထုတ်ဖို့ ဘောပင်နဲ့ စာအုပ်လေးလည်း လက်ထဲမှာကိုင်လို့ပေါ့။
    တချို့ဈေးသည်တွေကတော့ ဝယ်သူတွေကို လာပါ ဝင်ကြည့်ပါနဲ့ ခေါ်တယ်။ တချို့ကတော့ လျှော့ဈေးဆိုပြီး ဝယ်သူတွေကို ဆွဲဆောင်တယ်။ တချို့ကလည်း အမြည်းကျွေးရင်း ဝယ်သူရှာကြတယ်။
    တစ်ချက်ချင်းစီ သူ့ရဲ့မှတ်စုစာအုပ်လေးမှာ ချရေးတယ်။ ဈေးအိမ်သာနားအရောက်မှာ အလှူခံအဖွဲ့တစ်ခုကို သတိထားမိတယ်။
    အိမ်သာတက်ပြီးထွက်လာတဲ့လူတွေက ပိုက်ဆံအကြွေတွေကို အလှူခံတဲ့ပုံးတွေထဲ လှမ်းထည့်တဲ့အခါ တွေးမိတာက ပရဟိတဆို လှူကြ ပိုက်ဆံထည့်ကြတယ်ပေါ့။ လမ်းဆက်လျှောက်ခဲ့တယ်။
    မလှမ်းမကမ်းမှာ အလှူခံတဲ့ အဖွဲ့နောက်တစ်ဖွဲ့။ ဒါမဲ့ သူတို့အဖွဲ့ကတော့ အလှူငွေသိပ်မရဘူး။ ခေါင်းထဲ အတွေးတစ်ချက် လျှပ်စီးလက်သလို ဝင်လာတယ်။
    မဟုတ်ဘူး… ပရဟိတမို့ လူတွေ ပိုလှူတာမဟုတ်ဘူး။ အဓိကက နေရာ… အချက်အခြာကျတဲ့နေရာဖြစ်ရမယ်။ လူသွားများတဲ့နေရာ တစ်နည်း လူတွေ ခလုတ်တိုက်မိတဲ့နေရာ ဖြစ်ရမယ်။
    ဈေးအိမ်သာက တစ်ခါတက်ရင် ၃ ဘတ် ပေးရတယ်။ အိမ်သာကအထွက် ပြန်အမ်းတဲ့အကြွေတွေကို များသောအားဖြင့် အိမ်သာအပေါက်ဝက အလှူခံပုံးထဲကို ထည့်လှူလိုက်ကြတာများတယ်။
    သူ့ရဲ့ သစ်အယ်သီးဆိုင်လေးရှိရာ Supermarket က အုပ်ချုပ်ရေးမှူးဆီ သွားတယ်။ သူ့ရဲ့ ချောင်ကျတဲ့ဆိုင်လေးကို နေရာပြောင်းပေးဖို့တောင်းဆိုတယ်။
    Supermarket က လည်း တော့ဘ်တောင်းတဲ့နေရာမှာ နေရာလွတ်ရှိတဲ့အတွက် နေရာငှားပေးလိုက်တယ်။ တော့ဘ်ရဲ့ဆိုင်လေးကလည်း အချိန်တိုအတွင်း ရောင်းကောင်းလာခဲ့တာပေါ့။
    ဒါပေမဲ့ ဒီလောက်နဲ့ မရောင့်ရဲပါဘူး။ သူရဲ့ ရည်မှန်းချက်က မြို့အနှံ သစ်အယ်သီးဆိုင်ခွဲလေးတွေဖွင့်ဖို့။ ဆိုင်ခွဲများများဖွင့်လေလေ ငွေရပိုများလေလို့ တော့ဘ်ယုံကြည်တယ်။
    ဒါကြောင့် တစ်ဆိုင်ကနေ နှစ်ဆိုင်ဖွင့်တယ်။ လူငှားနဲ့ထားတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်ခွဲတွေ ဆယ်ဂဏန်းကျော်အထိများလာတယ်။ တော့ဘ်က franchise လည်း ပေးပါသေးတယ်။

    တော့ဘ်ရဲ့ အသက် ၁၉ နှစ်ပေါ့။ တစ်ရက် တော့ဘ် ရေညှိချပ်လေးတွေထုပ်ထားတဲ့မုန့်လေးတစ်ခုကို စားမိတယ်။ အဲ့ရေညှိထုပ်က သူငယ်ချင်းတစ်ယောက် တောမြို့လေးကို သွားရင်း
    လက်ဆောင်ဝယ်လာတဲ့မုန့်လေးတစ်ခု… ဘန်ကောက်မြို့ပေါ်မှာ မရောင်းဘူး။ စားလို့ကောင်းတယ်… ဒါပေမဲ့ စားချင်ရင် နယ်ကို တကူးတကသွားဝယ်စားမှ ရနိုင်တယ်။
    သူစဉ်းစားတယ်… သစ်အယ်သီးလှော်လုပ်ငန်းက အဆင်တော့ပြေတယ်။ သို့ပေမဲ့ သစ်အယ်သီးက ရောင်းတဲ့သူလည်း များတယ်။ အမြတ်လည်း များများစားစားမရဘူး။
    သစ်အယ်သီးလှော်တစ်ခုထဲရောင်းနေလို့ ကြီးပွားမှာ မဟုတ်လောက်ဘူးဆိုပြီး ရေညှိတွဲရောင်းဖို့ စစဉ်းစားတယ်။ ဒါမဲ့ စဉ်းစားသာစဉ်းစားတာ ရေညှိအကြောင်း နားလည်တာ မဟုတ်ဘူးရယ်…
    ဘယ်လောက်အပူချိန်မှာ ဘယ်လိုကြော်ရမလဲဆိုတာပေါ့။ တော့ဘ် ရေညှိအရွက်ကြမ်းကို ပုံးလိုက်ဝယ်တယ်။ ကြော်ကြည့်တယ်။ ဆရာမပြ နည်းမကျဆိုသလို ရေညှိပုံးကြီး တစ်ပုံးသာကုန်သွားတယ်။
    လိုချင်တဲ့ရေညှိကြော်အနေအထားကို မရဘူး။ တူးသွားလိုက် ခါးသွားလိုက်နဲ့ပေါ့။ ရေညှိတွေလည်း တစ်ပုံးပြီးတစ်ပုံးကုန်ခဲ့တယ်။
    နောက်ဆုံး ရေညှိဝယ်စရာပိုက်ဆံမရှိတော့လို့ တော့ဘ် ဂိမ်းကစားတုန်းက ဝယ်ခဲ့တဲ့ကားကို ရောင်းပြီး ရေညှိပုံးတွေထပ်ဝယ်တယ်။
    အဲဒီအချိန်မှာ သူ့နားမှာ ရှိနေပြီး သူ့ကို အားပေးခဲ့တာကတော့ တော့ဘ်ရဲ့ဦးလေးပါပဲ။ အနားမှာရှိနေပေးပြီး သူနဲ့အတူ ရေညှိတွေလိုက်ကြော်လို့ လက်မှာလည်း ဆီပူမိထားတာလည်း မနည်းပါဘူး။
    နောက်ဆုံးတော့ ရေညှိကို ကြွ့ပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပါတယ်။

    တော့ဘ်တစ်ယောက် သူ့ရဲ့ရေညှိထုပ်တွေကို Shopping Mall တွေမှာ စတင်ရောင်းချခဲ့ပါတယ်။
    ရေညှိက စားကောင်းတဲ့အတွက် ဝယ်တဲ့သူတွေကလည်း ကြိတ်ကြိတ်တိုးပေါ့။ တစ်နေ့ သူ့ရဲ့အဖေကို ဖုန်းဆက်တယ်။ သူရဲ့လုပ်ငန်းအဆင်ပြေနေတယ်။
    အကြွေးတွေဆပ်ပြီး သူတို့ မိသားစု တစ်နေ့အတူတူ ပြန်နေနိုင်တော့မယ်ပေါ့။
    သူ့အဖေပြန်ပြောတာက “မဖြစ်နိုင်ပါဘူး သားရယ်… တရုတ်ပြည်ကိုသာ လာပြီး ကျောင်းဆက်တက်ပါ… အဖေတို့နဲ့ အတူလာနေပါ” တဲ့…
    တော့ဘ်က အကြွေးက ဘယ်လောက်မို့လဲလို့ သူ့အဖေကို ပြန်မေးလိုက်တဲ့အခါမှာ သူ့အဖေပြန်ပြောလိုက်တာကတော့ ဘတ်သန်း ၄၀ တဲ့။
    (မြန်မာငွေနဲ့ဆို သိန်းပေါင်း ၁၆,၀၀၀ နီးပါးရှိပါတယ်။ ) မဖြစ်နိုင်တဲ့ အရာတစ်ခုကို ရယူဖို့ကြိုးစားမိနေတာများလားလို့ စိတ်ဓာတ်ကျသွားခဲ့တယ်…
    တော့ဘ်စိတ်ဓာတ်တွေလုံးဝကျသွားခဲ့တယ်။ တရုတ်ပြည်သွားဖို့ ပြင်ဆင်တယ်။ ဒီတစ်နှစ်တော့ ပြီးအောင်ဖြေမယ်ဆိုပြီး အတန်းတွေ ပြန်တက်တယ်။
    အဲ့နေ့ညဘက်မှာ သူငယ်ချင်းတစ်ယောက်ကူးပေးထားတဲ့ lecture recording လေးတစ်ခုကို နားကြပ်နဲ့နားထောင်ရင်း 7-Eleven စတိုးဆိုင်လေးမှာ ညဘက်အဆာပြေစားမို့ မုန့်ထွက်ဝယ်တယ်။
    Lecture က စီးပွားရေးအကြောင်း… Marketing Mix ကို ရှင်းပြနေတာ။
    Marketing Mix ဆိုတာ အလွယ်ပြောရရင်တော့ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်မှာ ဘယ်လိုထိုးဖောက်ရမလဲ စဉ်းစားတတ်အောင်လုပ်ပေးတာပေါ့။
    ခုချိန်မှာတော့ 7Ps တွေ 8Ps တွေ သီအိုရီအသစ်တွေထွက်နေပြီဖြစ်ပေမဲ့ အဲ့အချိန်တုန်းကတော့ Product, Price, Promotion နဲ့ Place ဆိုပြီး 4Ps ရှိတယ်ပေါ့နော်။
    Product ကတော့ ရှင်းပါတယ်… ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲထည့်ဖို့ ရောင်းစရာပစ္စည်း Product ရှိရမယ်ပေါ့။
    Price ဈေးသတ်မှတ်မယ်… ဈေးဝယ်သူတွေကို ပရိုမိုးရှင်းလျှော့ဈေးအစီအစဉ်တွေလုပ်ပြီး ဆွဲဆောင်မယ်။ Place ကတော့ ကိုယ့်ရဲ့ ထုတ်ကုန်ကို စားသုံးသူတွေဆီအရောက်ပို့တာပေါ့။
    ကိုယ့်ပစ္စည်းကို စိတ်ဝင်စားပြီး ဝယ်ယူဖို့အလားအလာရှိတဲ့ နေရာတွေမှာ ထုတ်ကုန်ကို ထားရှိရမယ်ပေါ့။ Lecturer က Place အကြောင်း ရှင်းပြနေစဉ်မှာပဲ
    တော့ဘ်က သူ့ရေညှိကို 7-Eleven မှာ တင်ရောင်းဖို့ အတွေးပေါက်မိတယ်။ သူ့ထုတ်ကုန်ရှိရာ စားသုံးသူမလာနိုင်ရင် ဝယ်သူရှိရာကို သူ့ပစ္စည်းအရောက်ပို့မယ်။

    7-Eleven ဆိုင်က ဒီမှာဆို ABC နဲ့ Grab & Go စတိုးဆိုင်လေးတွေလိုပဲ။ မုန့်တွေ၊ နေ့စဉ်သုံးပစ္စည်းလေးတွေ တိုတိုထွာထွာရောင်းတယ်။
    ထိုင်းနိုင်ငံအနှံ လမ်းထောင့်တိုင်းမှာ 7-Eleven ရှိတယ်။ သူရဲ့ ရေညှိတွေ နေရာအနှံမှာရှိတဲ့ စားသုံးသူတွေဆီကို ရောက်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး
    7-Eleven ရုံးချုပ်ကို သူ့ရဲ့ထုတ်ကုန် ရေညှိထုတ်ကို ယူသွားတယ်။ ဒါပေမဲ့ 7-Eleven က တာဝန်ရှိသူအမျိုးသမီးကနေ
    တော့ဘ်ရဲ့ရေညှိထုပ်ကို မြင်မြင်ချင်း 7-Eleven ရဲ့ စံနှုန်းနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ရောင်းချခွင့်မပေးနိုင်ပါဘူးတဲ့။
    တော့ဘ်က လက်မလျှော့ဘဲ သူ့ရေညှိကို စားကြည့်ပါ။ အရသာကို ကြိုက်သွားမှာပါဆိုပေမယ့် အမျိုးသမီးကတော့ မလိုအပ်ပါဘူးဟုသာ ငြင်းပယ်လိုက်တယ်။

    ခဲလေသမျှ သဲရေကျသလိုဖြစ်သွားတဲ့ တော့ဘ်ကတော့ ရုံးခန်းကအထွက်မှာ ဘာကြောင့် သူ့ရဲ့ရေညှိကို တင်ခွင့်မရနိုင်တာလဲကို မေးလိုက်တဲ့အခါ အမျိုးသမီးက အချက်သုံးချက်နဲ့ပြန်ရှင်းပြခဲ့တယ်။
    ပထမအချက်ကတော့ 7-Eleven ဆိုတာ နေ့စဉ်အိမ်သုံးပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်၊ အဆာပြေမုန့်လေးတွေကို လွယ်လွယ်ကူကူဝယ်လို့ရနိုင်အောင် ဖွင့်ထားပေးခြင်း ဖြစ်တယ်။
    တော့ဘ်ရဲ့ အထုပ်က အကြီးကြီးဖြစ်တဲ့အတွက် စင်ပေါ်မှာ နေရာယူလွန်းတယ်။ ဒုတိယတစ်ချက်က ရေညှိထုပ်က ကြီးတဲ့အတွက် တစ်ခါစားစာထက်များသလို ဈေးကလည်းကြီးတယ်။
    7-Eleven မှာ ဝယ်တဲ့ ဈေးဝယ်သူအများစုက ဈေးသက်သက်သာသာဝယ်ယူချင်တဲ့ တစ်ကိုယ်ရေတစ်ကာယသမားတွေများတယ်။
    တတိယအချက်က ထုတ်ပိုးပုံ… တော့ပ်ရဲ့ ရေညှိထုပ်အိတ်ခွံဒီဇိုင်းက ရိုးစင်းလွန်းတယ်။ ပလတ်စတစ်အကြည်ပဲ သုံးထားတဲ့အတွက် ဈေးဝယ်သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။

    အကြောင်းအရင်းကို သိသွားတဲ့ တော့ဘ်ကတော့ ရေညှိထုပ်တွေကို အိတ်လှလှလေးနဲ့ ထုတ်နိုင်ဖို့ ပြင်ဆင်ပါတော့တယ်။
    ရေညှိတွေကိုလည်း အထုပ်ကြီး မထုတ်တော့ဘဲ တစ်ခါစားစာပဲ ထည့်တော့တယ်။ စားသုံးသူတွေအတွက် အမြင်လည်းလှ ဈေးသက်သာတဲ့ Tao Kae Noi ရေညှိထုပ်အသစ်လေးတွေ ရောက်ရှိလာပါပြီ။
    ရေညှိထုပ်အတွက် အိတ်လှလှလေးဆိုတော့ နာမည်လှလှလေး၊ logo လှလှလေးပေးဖို့လည်း လိုလာပြီဖြစ်တဲ့အတွက် တော့ဘ်ကတော့ သူ့ရဲ့လုပ်ငန်းနာမည်ကို Tao Kae Noi လို့ပေးလိုက်ပါတယ်။
    Tao Kae Noi နာမည်ပေးဖြစ်တာကလည်း အကြောင်းရှိတယ်။ တော့ဘ်သစ်အယ်သီး စရောင်းခဲ့တဲ့နေ့ရက်များထဲက တစ်ရက်…
    အိမ်အပြန်မှာ တော့ဘ်အဖေက သူ့သူငယ်ချင်းတစ်ယောက်ကို တစ်နေ့မှာ တော့ဘ်ဟာ Tao Kae ဖြစ်မှာလို့ နောက်ပြောင်တဲ့သဘောပြောလိုက်တာကို
    တော့ဘ်တစ်ယောက် အမှတ်မထင်ကြားမိတယ်။ Tao Kae /ထောင်ကဲ/ ဆိုတာ တရုတ်ဘာသာစကားကနေဆင်းသက်လာတဲ့ စကားလုံး… အဓိပ္ပာယ်ကတော့ သူဌေးတဲ့။
    Noi /နွိုင်/ ဆိုတာကတော့ ထိုင်းလို သေးသေးလေးလို့ အဓိပ္ပာယ်ရပါတယ်။ Tao Kae Noi ဆိုတော့ သူဌေးလေးပေါ့။
    တော့ဘ်သူ့ရဲ့ ထုပ်ပိုးမှုအသစ်နဲ့ ရေညှိထုပ်လေးရရခြင်း 7-Eleven ကို ပြန်သွားတယ်။

    ဒါမဲ့ ဒီတစ်ခေါက်မှာတော့ တာဝန်ရှိသူအမျိုးသမီးက အလုပ်မအားလို့ဟု
    အကြောင်းပြကာ တော့ဘ်ကို ထွက်မတွေ့။ ဇွဲမလျှော့တဲ့ တော့ဘ်ကတော့ အားတဲ့အထိစောင့်မယ်လို့ ပြောပြီး ရုံးခန်းအရှေ့မှာ ထိုင်စောင့်နေခဲ့တယ်။
    သုံးလေးနာရီသာကြာသွားတယ်။ တော့ဘ်ကို ဘယ်သူမှထွက်မတွေ့သလို အရေးတယူတောင်မရှိ။ တော့ဘ်စိတ်ပျက်စွာ ပြန်လှည့်ခဲ့တယ်။
    နမူနာအဖြစ် ယူလာတဲ့ ရေညှိထုပ်တွေကို လည်း 7-Eleven ရုံးချုပ်ရဲ့ ဓာတ်လှေကားမှာ ထားပစ်ခဲ့တယ်။
    ရုံးချုပ်အခန်းက နေ့လည်စာစားပြီး ပြန်ဝင်လာတဲ့ ဝန်ထမ်းတွေ ဓာတ်လှေကားထဲမှာ ထုပ်ပိုးမှုလှလှလေးနဲ့ရေညှိထုပ်တွေကိုတွေ့တော့ တစ်ယောက်တစ်ထုပ်ယူမြည်းကျရင်း
    နောက်ဆုံး တာဝန်ရှိသူအမျိုးသမီးကတွေ့သွားပြီး တော့ဘ်ကို ခေါ်တွေ့ခဲ့တယ်။

    ရုံးခန်းမှာ အမျိုးသမီးက တော့ဘ်ရဲ့ ရေညှိထုပ်ကို စိတ်ဝင်စားတာမို့ စက်ရုံကို လိုက်လေ့လာမည်။
    7-Eleven စံနှုန်းနှင့် ကိုက်ညီမှသာ စင်ပေါ်ရောင်းချခွင့်ပြုနိုင်မယ်တဲ့။ သို့ပေမဲ့ တော့ဘ်မှာ စက်ရုံဝေးစွ… ခုရေညှိထုပ်တွေကိုတောင်
    သူတစ်လှည့် သူ့ဦးလေးတစ်လှည့် တစ်ပိုင်တစ်နိုင်ကြော်ရုံသာ တတ်နိုင်သည်။ တော့ဘ်တစ်ယောက် သူဖြစ်ချင်တဲ့ အသေးစားစက်ရုံဖွင့်ဖို့ ငွေလိုသည်။
    လိုသောငွေကို ဘဏ်ကနေ ချေးမည်ဟုဆုံးဖြတ်သည်။ ထိုအချိန်တော့ဘ်ရဲ့ သစ်အယ်သီးဆိုင်ခွဲများသည် တစ်လကို သိန်း ၄၀၀ အထိ လည်ပတ်ငွေရှိသည်။
    သို့သော် ၁၉ နှစ်အရွယ် အထက်တန်းမအောင်သောလူငယ်လေးတစ်ဦးကို မည်သည့်ဘဏ်ကမှ ငွေထုတ်မချေးရဲကြ။

    ကြံမရတဲ့အဆုံး တော့ဘ်တစ်ယောက် သစ်အယ်သီးဆိုင်ခွဲများအားလုံးနှင့် လုပ်ပိုင်ခွင့်လိုင်စင်အား ထုတ်ရောင်းပြီး ရေညှိစက်ရုံလေးတစ်ရုံထောင်ရန် အတွက် နေရာငှားသည်။
    ဝန်ထမ်းခေါ်သည်။ 7-Eleven မှာ တာဝန်ရှိသူ အမျိုးသမီးအား စက်ရုံကို လာရောက်လေ့လာရန်ဖိတ်ခေါ်သည်။
    တော့ဘ်တစ်ယောက် 7-Eleven မှ တစ်ဆင့် တစ်နိုင်ငံလုံးကို ရေညှိဖြန့်နိုင်လေပြီ။ 7-Eleven နှင့် ချိတ်ဆက်ပြီး နှစ်နှစ်အကြာတွင် သူ့အဖေ၏အကြွေးများအားလုံး အကြေဆပ်နိုင်ခဲ့သည်။
    ထိုအချိန်တွင် တော့ဘ် အသက် ၂၂ လောက်သာ ရှိသေးသည်။

    အခုဆိုလျှင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင်လည်း တော့ဘ်ရဲ့ ရေညှိကို အရသာမျိုးစုံဖြင့် တွေ့မြင်နိုင်ပြီဖြစ်သည်။
    ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာမှာလည်း ကိုယ်ထူးကိုယ်ချွန် အငယ်ဆုံး Billionaire တစ်ဦးအဖြစ် တော့ဘ်က စာရင်းဝင်ထားသည်။
    အချိန်တိုတိုဖြင့် အောင်မြင်မှုရသူ၊ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။

    ယခုနှစ် ၂၀၁၇ တွင် တော့ဘ် အသက် ၃၃နှစ် ရှိပြီဖြစ်သည်။

    “Do not give up whatever happens, if we give up then we are finished for sure.” (Aitthipat Kulapongvanich)

    “ဘယ်အခြေအနေဘဲရောက်ရောက် အားမလျော့လိုက်ပါနဲ့…အရှုံးပေးလိုက်တာနဲ့ အားလုံးရပ်တန့်သွားမှာပါ”

    (Aitthipat Kulapongvanich)

    #Mel.C (မယ်စီ)

    (ရုပ်ရှင်အညွှန်းကို https://www.facebook.com/melcthegolden/ မှ ကူးယူဖော်ပြပါသည်။)

    Related

    Category: Action Bollywood Drama
    ADVERTISEMENT
    Previous Post

    The BFG (2016)

    Next Post

    The Body (2012)

    Related Posts

    New Gods: Nezha Reborn (2021)
    Action

    New Gods: Nezha Reborn (2021)

    April 14, 2021
    Godzilla vs. Kong (2021)
    Action

    Godzilla vs. Kong (2021)

    April 2, 2021
    Fake Bodyguard ( 2021 )
    Action

    Fake Bodyguard ( 2021 )

    April 2, 2021
    Public Enemies
    Biography

    Public Enemies

    March 29, 2021
    Pitch Black: Riddick (2000)
    Action

    Pitch Black: Riddick (2000)

    March 29, 2021
    Pirates of the Caribbean: Dead Men Tell No Tales (2017)
    Action

    Pirates of the Caribbean: Dead Men Tell No Tales (2017)

    March 29, 2021
    Load More
    Next Post
    The Body (2012)

    The Body (2012)

    Leave a Reply Cancel reply

    Your email address will not be published. Required fields are marked *

    Tags

    china Thriller
    • About

    © 2020 Happybox Movies

    No Result
    View All Result
    • Home
    • ရုပ်ရှင်များရှာဖွေရန်
    • Action
    • Adventure
    • AMERICA
    • Animation
    • Anime
    • ASIA
    • Biography
    • Bollywood
    • China
    • Comedy
    • Crime
    • Documentary
    • Drama
    • Family
    • History
    • Horror
    • Korean
    • K-Series
    • Marvel Universe
    • Movie
    • Music
    • Myanmar
    • Mystery
    • News
    • Romance
    • Sci-Fi
    • Sports
    • Thriller
    • war

    © 2020 Happybox Movies

    Welcome Back!

    Login to your account below

    Forgotten Password?

    Retrieve your password

    Please enter your username or email address to reset your password.

    Log In

    Add New Playlist