ဒီတစ်ခေါက်ညွှန်းပေးမဲ့ကားလေးကတော့ 2019ထွက် တရုတ်သိုင်းကားလေးတစ်ကားပါပဲ။ ဒီကားလေးကတော့ action/drama အမျိုးအစားလေးဖြစ်ပြီး ဟာသလေးတွေလဲ ပါတာကြောင့် သိုင်းကားလဲ ကြည့်ရင် ပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်သူများအတွက် အဆင်ပြေမှာပါ။
ဇာတ်လမ်းအညွှန်းလေးကတော့ ဟန်ခေတ်ပြီးဆုံးတော့မယ့်အချိန်မှာ တိုင်းပြည်မှာ တရားဥပဒေ ဆိုးမိုးမှု မရှိလာတော့ လူဆိုးဓားပြတွေ အရမ်းပေါလာပါတယ်။
အဲ့ထဲမှာမှ အဝါရောင်မျက်နှာဖုံးဂိုဏ်းက အင်အားအကြီးဆုံးဖြစ်လာပြီး တိုင်းပြည်ကို သိမ်းဖို့ ပြင်လာပါတယ်။
သို့သော် သူတိူ့ဟာ စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး စစ်ပွဲပြီးဆုံးသွားသော်လဲ တိုင်းပြည်ဟာ ငြိမ်သက်မှုမရှိသေးပါ။ အဲ့လိုအချိန်မှာ အမှန်တရားဘတ်တော်သား ဓားနှစ်လတ်သူရဲကောင်းပေါ်လာပြီး ပြည်သူတွေဘက်က ရပ်တည်ကာ လူဆိုးတွေကို နှိမ်နင်းနေပါတယ်။
တစ်ညမှာတော့ သူရဲကောင်းဟာ အဝါရောင်မျက်နှာဖုံးဂိုဏ်းရဲ့ ထောင်ချောက်ထဲကို ဝင်သွားပြီး တရားသူကြီးမိသားစုကို မှားသတ်မိပါတော့တယ်။
အဲ့ညမှာပဲ သူရဲကောင်းဟာ ပျောက်ကွယ်သွားတော့တယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ကြရအောင်…..Crd: Channel Myanmar
Related