အချစ်နဲ့ပတ်သက်လို့ ရာမနဲ့ ဒဿမှာ ဘယ်သူက ဗီလိန်လဲဆိုတာ ယနေ့ခေတ်မှာတော့ (၂)ဦးလုံးကို စာနာ နားလည်ပေးတတ်နေကြပါပြီ…
မည်သို့ပင်ဆိုစေကာမူ အချစ်ကိုရတဲ့သူက အနိုင်ရရှိသူဖြစ်ပြီး ဆုံးရှုံးတဲ့သူကတော့ အသည်းကွဲကဗျာဆရာဖြစ်သွားတတ်ကြတာပါပဲ…
ဒီဇာတ်ကားထဲမှာလည်း အင်ဒီးယန်းမိန်းမပျိုလေးအပေါ် ကြီးမားတဲ့ မေတ္တာတွေ သက်ရောက်မိကြတဲ့ အမျိုးသားနှစ်ယောက်ရှိပါတယ်….
ကောင်းဘွိုင်ခေတ်ဆိုတဲ့အလျောက် သူတို့(၂)ယောက်အချစ်ကို ရယူဖို့ကြိုးစား ခန်းတွေကတော့ တော်တော်မိုက်ပါတယ်…..အမိုက်စား သေနတ်ပစ်ခန်းတွေနဲ့ မိန်းမပျိုလေးရဲ့ ရွေးချယ်ရခက်တဲ့ ဟန်ပန်တွေ ခပ်ကြမ်းကြမ်းလူပျိုလှည့်ချက်တွေကို မပျင်းမရိကြည့်ရပါလိမ့်မယ်…
IMDb….7.2ရရှိထားတာမို့ ခံစားကြည့်ကြပါဦးလို့ … Crd: Channel Myanmar
Related