လေယာဉ်စီးတာဘယ်လောက်ပဲအတွေ့အကြုံတွေများတဲ့သူဖြစ်ပါစေ…
ခရီးစဉ်ချောချောမွေ့မွေ့ ရောက်ပါ့မလားလို့ ပူပန်ကကြတာတော့ အနည်းနဲ့ အများသာကွာခြားလေသည်…..
သတင်းတွေထဲလည်း ဘယ်မှာ ခရီးသည်တင်လေယာဉ် ပျက်ကျပြန်ပြီ၊ အသက်တွေဆုံးရှုံးကြပြန်ပြီဆိုတာကို ခဏ ခဏမြင်နေကြားနေရတာကြောင့်လည်းပါမည်….
ဒီတရုတ်ကားမှာတော့ ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းစဉ် မမျှော်လင့်တဲ့အန္တရယ်ကြောင့် ကြီးမားတဲ့ပြသနာကြီးကြုံတွေ့ရတာကိုရိုက်ပြထားတာပါ….
ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ရင်လည်း တထိတ်ထိတ်ခုန်ရင်း ကြည့်ရအတော်ကိုကောင်းပါတယ်…
လေကြောင်းလိုင်းတွေရဲ့ အဆင့်ဆင့် အလုပ်လုပ်ပုံတွေ လေယာဉ်မယ်တွေရဲ့ ဝန်ဆောင်မှုပုံစံတွေ ပိုင်းလော့တွေရဲ့ တာဝန်ယူရတဲ့အပိုင်းတွေ မြေပြင်အခြေစိုက်ဌာနဲ့ရဲ့ ကွပ်ကဲပုံတွေကို ကြည့်လို့လည်းကောင်းဗဟုသုတလည်းရပါတယ်….
သရုပ်ဆောင်တွေလည်းနာမည်ကြီးမင်းသားမင်းသမီးတွေသုံးထားသလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်…
အထူးသဖြင့် လေယာဉ်မယ်လေးတွေကိုကြည့်ရတာနဲ့တင် နှလုံးပီတိဖြစ်ရပါတယ်.. ခံစားကြည့်ကြပါဦး…..Crd: Channel Myanmar
Related