မှတ်တမ်းရုပ်ရှင် ပရိတ်သတ်တွေအတွက် ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ကူးထားတဲ့ကားတွေက မရှားပါဘူး။ ဒါပေမဲ့ The Cold Blue ကတော့ထူးခြားမှုတွေ ရှိနေပါတယ်။
သူက နာမည်ကြီး မှတ်တမ်းရုပ်ရှင် The Memphis Belle ကို ပြန်လည်ပြင်ဆင် တည်းဖြတ်ထားတာ ဖြစ်ပါတယ်။
ဟောလိဝုလောကမှာ လေးစားရတဲ့ဒါရိုက်တာ ဟောင်းကြီး Willian Wyler ဟာ ၁၉၄၃ ခုနှစ်မှာအမေရိကန်နိုင်ငံ လေတပ်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်တိုင်လိုက်ပါသွားပြီးတော့ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။
ကံဆိုးစွာနဲ့ ရိုက်ကူးရေး အဖွဲ့ဝင် သုံးယောက်ထဲ့ကတစ်ယောက်က လေယာဉ်ပျက်ကျတဲ့ အထဲမှာ ပါသွားပါတယ်။
အဲ့ဒီလို အသက်စွန့်ပြီး ရိုက်ကူးခဲ့တဲ့အတွက် ရှားပါးပြီး မြင်ရခဲတဲ့မြင်ကွင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ကို The Memphus Belle လို့ခေါ်ပါတယ်။
ဒုတိယကမ္ဘာစစ်အကြောင်း ပြောကြတဲ့ အခါ မြေပြင်ပေါ်ကစစ်သားတွေအကြောင်းသာ အပြောများကြပါတယ်။ ဗုံးကျဲလေယာဉ်မှူးတွေ အကြောင်းကို ကျနော်တို့ သိပ်မသိကြပါဘူး။ The Cold Blue ထဲမှာတော့ အဲ့ဒါတွေကို မြင်ရကြားရမှာ ဖြစ်တဲ့အတွက်လူတိုင်းကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်….. Crd: Channel Myanmar
Related