ဒီတစ်ခါ Horror ကားလေးမှာတော့ ကောာင်မလေးတစ်ယောက်က စုန်းမဆိုပြီးစွပ်စွဲခံရပြီးတော့ အရှင်လတ်လတ်မီးရှို့သတ်ခံရခါနီးမှာ ခရစ်ယာန်သီလရှင်မာသာတစ်ယောက်က သူ့ကိုလာကယ်သွားခဲ့ပြီး သူ့ကျောင်းကိုခေါ်သွားခဲ့တယ်။
အဲ့ကျောင်းမှာသူ့လိုပဲ တခြားကောင်မလေးတွေအများကြီးကိုလဲ ကယ်ထားသေးတယ်။ မာသာကြီးကတော့ စည်းကမ်းတင်းကျပ်တယ်။
သီလရှင်ကျောင်းဝင်းအပြင်က ဘာနဲ့မှ သူတို့မပတ်သက်ရဘူး။ ဒါပေမဲ့ အဲ့ကျောင်းမှာ ကူးစက်ရောဂါလိုမျိုးတစ်ခုဖြစ်ပြီးတော့ လူတွေ တစ်ယောက်ပြီးတစ်ယောက် သေလာကြတဲ့အခါ ဒါတွေရဲ့နောက်ကွယ်မှာ ဘာရှိနေမလဲ၊ ကျောင်းကြီးမှာရော ဘယ်လိုအတိတ်ဖြစ်ရပ်တွေရှိခဲ့လဲ၊ မာသာကြီးရဲ့ တကယ်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ရှုစားကြည့်ကြပါ…..Crd: Channel Myanmar
Related