ဒီတစ်ခေါက်တော့ အသစ်ထွက်ရှိလာတဲ့ Rotten Tomatoes 75% တောင်ရရှိထားတဲ့Drama/Crime ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Death of Dick Long ဆိုတဲ့ကားလေးပါ။ စိတ်လှုပ်ရှားစရာ Drama/Crime ဇာတ်လမ်းလေးတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ရိုးရိုးလေးနဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့
ကားလေးလို့ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်မြည်းစမ်းလို့ရအောင်တင်ပြပေးချင်ပါသေးတယ်။ဒစ်၊အားလ်၊ဇီကီဆိုတာ တီးဝိုင်းအတူတူထောင်ထားကြတဲ့သူငယ်ချင်းသုံးယောက်ပါ။တစ်နေ့မှာတော့ ဒစ်ခ်တစ်ယောက် ကားနောက်ခန်းမှာသွေးတွေစိုရွှဲကာသတိလစ်နေပါတော့တယ်သွေးတွေရွှဲနေတဲ့ ဒစ်ခ်ကို အားလ်နဲ့ ဇီကီတို့ကဆေးရုံကိုလိုက်ပို့ရာကနေ ဇာတ်လမ်းစတယ်လို့ပြောရမှာပါပဲ။ဆေးရုံလိုက်ပို့တယ်ဆိုပေမယ့် လူမသိ သူမသိ ခိုးကြောင်ခိုးဝှက်လိုက်ပို့တာပါ။ဆေးရုံရှေ့မှာ တိတ်တိတ်ကလေး ဒစ်ကို ချပေးခဲ့ပြီးနှစ်ယောက်သား ပြန်ထွက်သွားခဲ့ပေမယ့် ဒစ်ခ်ကတော့ဆေးရုံရောက်ရောက်ချင်းသေသွားခဲ့ပါပြီ။အားလ်နဲ့ ဇီကီက ဘာတွေကျူးလွန်ထားလို့ ခိုးကြောင်ခိုးဝှက်ဖြစ်နေတာလဲ? ဒစ်ခ်ကရော ဘာလို့သေသွားရတာလဲ? အားလ်နဲ့ ဇီကီကရော ရှေ့လျောက်ဘာတွေဆက်လုပ်မလဲ? ဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပါ။ရိုးရိုးအေးအေးဆိုပေမယ့် ဆွဲဆောင်မှုရှိရှိဇာတ်ကားအဆုံးထိကြည့်ရှုခံစားရမယ့်ကားလေးမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်….Crd: Channel Myanmar
Related