ဒီကားလေးကတော့ သူငယ်ချင်းလေးယောက်ရဲ့အလွဲတွေကို ရိုက်ပြထားတဲ့ တစ်ကားလုံးရယ်ရမယ့်ဟာသကားလေးတစ်ကားပါ။
ဆေးလိပ်ကြီးတွေ အရောင်းအဝယ်လုပ်ဖို့ စိတ်ကူးနဲ့အမေရိကန်ကိုဖြတ်ပြီးတော့ အပေးအယူအတွက်ခရီးထွက်ခဲ့တာကနေစတာပဲ?
တစ်လမ်းလုံးသူတို့လိုရာခရီးရောက်ဖို့ကို အနှောင့်ပေါင်းစုံသူတို့ရဲ့အလွဲပေါင်းစုံနဲ့ အားနေလမ်းမှာရပ်ပြီး ပါတီလုပ်ချင်တဲ့သူတို့တွေ
လိုရာခရီးကိုရောက်ပြီးအဆင်ပြေပြေနဲ့အပေးအယူလုပ်နိုင်မလား။
ပြဿနာတွေဖြစ်ပြီးတိုင်း ဒီထက်ဆိုးဆိုးရွားရွား ဘာများထပ်ဖြစ်နိုင်ဦးမှာလဲလို့ပြောပြီး သူငယ်ချင်းသုံးကောင်လုံးကို ဂျင်းထည့်သွားတဲ့ခေါင်းဆောင်တဲ့သူငယ်ချင်းကရော သူဦးဆောင်ပြီးခေါ်လာတဲ့ ဒီအပေးအယူလုပ်မယ့်ခရီးစဉ်မှာ အဆင်ပြေပြေပြီးသွားမလား။
နောက်ဆုံးမထင်မှတ်ထားတဲ့အရာကြီးဖြစ်လာတဲ့အချိန်မှာရောသူတို့ဘာဆက်လုပ်ကြမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုရမှာပါ….
Related