ဒီကားလေးတော့ Horror Action Typeလေးပါ ။ Horrorကိုမှ တော်တော်လေးကြောက်ဖို့ကောင်းတဲ့ Typeပါ ။
ပက်ယောင်ဟိုဆိုတဲ့ကောင်လေးက သူ့ရဲ့အဖေကိုအရမ်းချစ်ပြီး ဘာသာရေးကိုလဲ သက်ဝင်ယုံကြည်သူလေးတစ်ယောက်ပါ ။
တစ်နေ့တော့ သူ့အဖေမတော်တဆ တစ်ခုဖြစ်တဲ့အချိန်မှာ သူ့အဖေမသေအောင်လို့ ဘုရားသခင်ဆီမှာဆုတောင်းတယ် ။
ဒါပေမယ့်လဲသူ့ရဲ့အဖေကသေသွားခဲ့တယ် ၊ အဲ့ဒီအချိန်ကစပြီးသူဟာ ဘုရားသခင်ကိုမယုံကြည်တော့ပဲ အမုန်းကြီးမုန်းသွားတော့တယ်။ ဒီလိုဘုရားသခင်ကိုမယုံကြည်တဲ့ကောင်လေးဆီမှာမှ သဘာဝလွန်စွမ်းအားတွေရလာပြီး အမှောင်မကောင်းဆိုးဝါး
လောကသားတွေကိုနှိမ်နှင်းတဲ့ အကြောင်းကိုစိတ်လှုပ်ရှားဖွယ် ကြည်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်….Crd: Gold Channel
Related