The divorce partyဟာအိမ်ထောင်ရေးဇာတ်ကား၁ကားဖြစ်ပြီးaustralia မင်းသားချောthomas cocquerelပါဝင်သရုပ်ဆောင်ထားတာပါ။
မိန်းမ၁ယောက်ရဲ့ ထိန်းချုပ်မှုပုံစံအောက်မှာပဲ နေထိုင်ခဲ့တဲ့ ယောက်ျား၁ယောက် သူ့မိန်းမ ထိန်းချုပ်မှုမပါပဲ ပတ်ဝန်းကျင်မှာနေထိုင်ဆက်ဆံကြည့်တဲ့အခါ လွတ်လပ်မှုကိုခံစားနိုင်တဲ့အခါ…
နိတ်နဲ့ဆူဇန်ဟာ ခဏတာတွေ့ဆုံချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့ကြတဲ့ စုံတွဲ၁တွဲဖြစ်ပါတယ်။
ငါးနှစ်ကြာပြီးနောက် ဆူဇန်ဟာ ရုတ်တရက်ကွာရှင်းခွင့်တောင်းခံလာခဲ့ပါတယ်။
ဆူဇန်ကိုချစ်တဲ့စိတ်နဲ့ပဲ သူမရဲ့ထိန်းချုပ်မှုပုံစံအောက်မှာနေခဲ့တဲ့ နိတ်၁ယောက် အိမ်ကထွက်လာပြီးနောက်မှာ သူတို့ရဲ့အိမ်နီးချင်းဖြစ်ခဲ့သူ ကေသီနဲ့တွေ့ဖို့အကြောင်းဖန်လာပါတယ်။
ဆူဇန်ကွာရှင်းခွင့်တောင်းတဲ့အကြောင်းရင်းကိုသိရှိပြီးနောက်မှာ နိတ်၁ယောက် ဘယ်လိုရှေ့ဆက်သွားမလဲ….ကေသီကရောဘယ်လိုတွေကူညီမလဲဆိုတာကိုဒီဇာတ်ကားလေးမှာကြည့်ရှုရမှာပါ…. Crd: Channel Myanmar
Related