ဒီဇာတ်လမ်းလေးမှာ အိန္ဒိယသားတစ်ယောက်ရဲ့ ထူးခြားဆန်းပြားတဲ့ခရီးစဉ်လေးကို ဟာသဆန်ဆန် ဒရာမာဆန်ဆန်နဲ့ ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်……သူရဲ့ဘဝတစ်ခုလုံးဟာ မွေးရပ်ဇာတိလေးမှာပဲ အချိန်ကုန်ခဲ့ရတော့ တစ်နေ့ကျရင် တခြားနိုင်ငံတွေသူခရီးထွက်နိုင်ရမယ်လို့ ရည်မှန်းချက်ထားတယ်..ဒါ့အပြင် သူ့မိဘတွေကလည်း ဆန္ဒတစ်ခုထားခဲ့တယ်..ပဲရစ်မြို့ကိုသွားပေးဖို့ပေါ့…ဒီအိန္ဒိယသားဟာ သူ့မိဘတွေရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးဖို့အတွက် ပဲရစ်မြို့ကိုခရီးထွက်လာခဲ့တယ်…သူကံကောင်းတာက ပဲရစ်ကအီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ အမေရိကန်မလေးနဲ့ တွေ့ဆုံခဲ့တယ်…..သူတို့ (၂)ယောက် ကိုယ်စီအကြောင်းတွေပြောရင်း ရင်ခုန်သံလေးတွေ မျှဝေခဲ့ကြတယ်…အဲ့နောက်ပိုင်းကစပြီးတလွဲလွဲ တချော်ချော်နဲ့ ပြင်သစ်ကနေ သူဘယ်နိုင်ငံတွေကို ဆက်ပြီးရောက်သွားဦးမလဲ…သူ့တို့(၂)ယောက်ကရော ရှေ့ဆက်ပြီး ပျော်ရွှင်ဖွယ် အချစ်ကဗျာလေးတွေစပ်ဆိုနိုင်ဦးမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာပဲ ဆက်လက်ရှုစားလိုက်ကြပါတော့……Crd: Channel Myanmar
Related