ဒီတစ်ခါပရိသတ်ကြီးကိုကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်ကားလေးကတော့တရုတ်ဒရမ်မာကားကောင်းလေးတစ်ကားပါ။
ကင်ဆာရောဂါခံစားနေရတဲ့အဖွားဖြစ်သူကို အသိမပေးဘဲနဲ့ မိသားစုတွေကဖုံးကွယ်ထားကြတာပေါ့။
နိုင်နိုင်ဆိုတဲ့အဖွားဟာ တရုတ်ပြည်မှာသူ့ညီမရယ် သူ့တူမမိသားစုတွေနဲ့နေထိုင်တယ်။
သူမရဲ့သားနှစ်ယောက်မှာ အမေရိကားနဲ့ ဂျပန်ကိုပြောင်းရွေ့နေထိုင်ခဲ့တာပေါ့။
သူတို့ရဲ့အမေကင်ဆာရောဂါကိုခံစားနေတာ သိတဲ့အတွက်ကြောင့်တွေ့ဆုံဖို့လုပ်ခဲ့ကြတာပေါ့။
အကုန်လုံးပြန်လာကြရင်သူတို့အမေ ရောဂါရှိနေတာကိုအရိပ်မိသွားမှာဆိုးလို့ အဖွားကြီးရဲ့မြေးမင်္ဂလာဆောင်ကြောင့်လာခဲ့ကြတယ်ဆိုပြီးလိမ်ညာခဲ့တာပေါ့။
အဖွားကြီးမှာသူအရမ်းချစ်ရတဲ့မြေးမလေး တစ်ယောက်လည်းရှိတာပေါ့။
မြေးမလေးဘီလီကတော့သူ့အဖွားရဲ့ရောဂါအကြောင်းကိုပေးသိစေချင်တဲ့သူပေါ့။
နောက်ပိုင်းမှာဇာတ်လမ်းလေးကဘယ်လိုမျိုးလေးဆက်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှု့ကြည့်လိုက်ပါ။
အဖွားတွေကိုအရမ်းချစ်တဲ့သူတွေဆိုရင် ရင်ထဲထိမယ့်ဇာတ်ကားလေးတစ်ကားပါ…..Crd: Channel Myanmar
Related