အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့The Final Wish ဆိုတဲ့ Horror ကားကောင်းလေးပါ။ အေရွန်ဆိုတဲ့ ရှေ့နေကောင်လေးဟာ သူ့အဖေသေဆုံးလို့ နယ်မြို့ကအိမ်ကို ပြန်လာရာက ဇာတ်လမ်းစထားပါတယ်။
သူ့အဖေက ရှေးဟောင်းပစ္စည်းတွေ ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့သူပါ။ သူပြန်လာတဲ့အချိန်မှာတော့ သူ့အခန်းထဲမှာရှေးဟောင်းအရိုးပြာအိုးတစ်အိုး ရှိနေခဲ့ပါတယ်။
အဲဒီအရိုးပြာအိုးမှာ ထူးခြားတာကတော့ အေရွန် ဖြစ်ချင်သမျှ ဆုတောင်းလိုက်သမျှအကုန်ဖြစ်လာအောင် လုပ်ပေးနေတာပါပဲ။ လောကကြီးမှာ ကောင်းတာတွေချည်း ဆက်တိုက်ဖြစ်နေတော့အေရွန်အတွက် မကောင်းတာက ဘာများ ဖြစ်လာမှာလဲ။
စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြထားတဲ့ horror ကားလေးပါ။
IMDB rating 4.3 ရထားပြီး အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်လို့horror ချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ…..Crd: Channel Myanmar
Related