ဒီတစ်ခါမှာတော့ ပရိသတ်တွေကို Rating 6.5ရထားတဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ကားလေးကတော့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။
ရုပ်ရှင်ရိုက်ကူးနေတဲ့ ဂျေး နဲ့ ဖူကာမီတို့ဟာ ရှင်း နဲ့ဆုံမိပြီးတော့ရုပ်ရှင်တစ်ကားကိုဖန်တီးခဲ့ကြတယ်။
ဂျိုးမူရာတာရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးဖို့လုပ်ခဲ့ကြတာပေါ့။
မူရာတာဟာကောင်မလေးတွေကိုမြူဆွယ်ပြီးတော့အကြမ်းဖက်ကာ ပိုက်ဆံတွေကိုလိမ်ယူနေတဲ့သူပေါ့။
သူနဲ့ပတ်သတ်ခဲ့တဲ့မိန်းကလေးတွေထဲကမှ တာအီကို ဟာ ဂျေးတို့နဲ့ခင်မင်နေတဲ့သူပါ။
ပြီးတော့သူမရဲ့သူငယ်ချင်း မီစုကို ကိုလည်း မူရာတာ ဟာ ချင်းကပ်ခဲ့ပါတယ်။
တာအီကိုနဲ့မီစုကိုတို့ဟာအထက်တန်းကျောင်းတုန်းကအခန်းဖော်တွေပေါ့။
တာအီကိုနဲ့မီစုကို သူတို့၂ယောက်မှာ အထက်တန်းကျောင်းတုန်းက အံ့သြစရာ အဖြစ်အပျက်တွေရှိခဲ့ကြတယ်။
ဂျေးတို့ဟာတာအီကိုရဲ့ပြောပြချက်တွေကြောင့် မူရာတာရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးဖို့ ကြိုးပမ်းခဲ့ကြတယ်။
ရှင်းဟာမူရာတာနေရာမှာသရုပ်ဆောင်ခဲ့တယ်။
မူရာတာဟာ လူတိုင်းကိုအကြမ်းဖက်နှိပ်စက်တတ်ပြီးတော့ မိန်းကလေးတွေကိုလည်းနှိပ်စက်တဲ့သူပါ။
နောက်ပိုင်းမှာ ဂျေးတို့ သူ့အကြောင်း ဇာတ်လမ်းတစ်ပုဒ် ရိုက်နေတာ သိသွားတဲ့အခါမှာတော့ သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်လာခဲ့တယ်။
သူပါဝင်လာပြီးတဲ့နောက်မှာ ဂျေးတို့ရိုက်ကူးနေတဲ့ဇာတ်ကားဟာ ရက်စက်ကြမ်းကြုတ်ပြီးတော့အကြမ်းဖက်တဲ့ အခန်းတွေပါခဲ့တယ်။
ဇာတ်ကားရိုက်နေရင်းနောက်ပိုင်း လူသတ်မှုတွေပါကျူးလွန်လာခဲ့တယ်။
နောက်ပိုင်းမှာမူရာတာဘာတွေအထိလုပ်ခဲ့လဲဆိုတာကို ဇာတ်ရှိန်မြင့်မြင့်နဲ့ ကြည့်ရှု့ရမှာပါ။
ဒီဇာတ်ကားထဲမှာဆိုရင်လည်းကောင်မလေးတွေကိုတောထဲမှာ သတ်ထားခဲ့တဲ့ကွင်းဆက်လူသတ်သမားဟာဆိုရင် လွတ်မြောက်နေတုန်းပဲ။
လွတ်မြောက်နေတဲ့လူသတ်သမားဟာ ဘယ်သူလဲဆိုတာကိုတော့ ဇာတ်လမ်းကိုအဆုံးထိကြည့်ရှု့ပြီးမှသိလာမှာပါ ….Crd: Channel Myanmar
Related