ပထမဦးဆုံးပြောချင်တာက ဒီရုပ်ရှင်ဟာ အပျော်ကြည့်ဖျော်ဖြေရေးရုပ်ရှင်မဟုတ်ပါဘူး …
၂၀၁၆ အမေရိကန် မှာ ရွေးကောက်ပွဲအပြီးမှာ Facebook နဲ့ Cambridge Analytica ကုမ္ပဏီတို့ကြားအကြီးအကျယ်ပွဲဆူခဲ့တဲ့နည်းပညာဆိုင်ရာ တရားမဝင် မဲဆွယ်မှုတွေအသုံးချပြီး လူတွေကို လှည့်စားခဲ့တာတွေ မဟုတ်မမှန် နိုင်ငံရေးဝါဒဖြန့်မှုတွေလုပ်ခဲ့တာတွေကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်…
ဒီရုပ်ရှင်ကိုဘယ်လိုလူတွေကြည့်သင့်လဲ ?ဒီမေးခွန်းကိုဖြေရရင် Facebook လိုလူမှုကွန်ယက်အသုံးပြုသူတွေ မဖြစ်မနေကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် …
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ သိမ်းဆည်းအသုံးချခံနေရပါတယ်….
၂၀၁၆ ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေလုပ်တုန်းကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သုံးပြီးလူတွေကို ဖျားယောင်းခဲ့လို့ အဲ့ဒီကုမ္ပဏီတွေ တရားစွဲခံရပါတယ်….
ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုစည်းရုံးခဲ့လဲ ဒီထဲမှာ အားလုံးပါပါတယ်…
တိုးတက်လာတဲ့ခေတ်ကြီးမှာ ကမ္ဘာကြီးကို ပိုမိုနီးကပ်အောင် ကြိုးစားခဲ့ကြတာကနေ နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးက လူတွေကိုပိုမို ဝေးကွာစေခဲ့ပါတယ်…
ဒါတွေဟာ နိုင်ငံတိုင်းလိုလိုမှာဖြစ်နေတာပါ …လူမှုကွန်ယက်တွေကိုအသုံးချပြီး အမျိုးမျိုးသွေးခွဲဝါဒဖြန့်မှုတွေကို ဇူကာဘက်တို့လို ကြီးမားတဲ့နည်းပညာကုမ္ပဏီပိုင်ရှင်တွေက သိရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေတာကြပါတယ် …ဒါတွေအားလုံးကို ဒီထဲမှာ ရှင်းလင်းရိုက်ကူးပြထားပါတယ်…Crd: Channel Myanmar
Related