ဒီရုပ်ရှင်ကားက နည်းနည်းတော့ ဆန်းတယ်။ တစ်ကားလုံးမှာ သရုပ်ဆောင် ၂ ယောက်ပဲ ပါတယ်။
ဟုတ်ပါတယ် ….ပြီးတော့ တစ်ကားလုံး မှာ စကားပြောတဲ့အကြိမ်၅၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်…ဒါအမှန်တရားပါ…
ရုပ်ရှင်တစ်ကား ဘယ်လိုဖြစ်လာပါလိမ့်….ဇာတ်လမ်းအစမှာတော့ တိုင်းပြည် တစ်ခုရဲ့နောက်ဆုံး ကျန်ခဲ့တဲ့ သူရဲကောင်းဟာသူ့ သမီးလေးကို ကြောက်မက်ဖွယ်ကောင်းတဲ့အကောင်ကြီး တစ်ကောင် ရန်ကနေ ကာကွယ်တာစပါတယ်…
အဲ့ဒီနောက်မှာလဲ တောထဲက မသေနိုင်တဲ့အကောင်ကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့သူ့မှာ အမြဲ ပြင်ဆင်နေရပါတယ်…
အရမ်းကို လိုတိုရှင်းတဲ့ ရုပ်ရှင်ကားပါသည်းထိတ်ရင်ဖိုလို့လဲ ပြောလို့ရတယ်သရဲကားလို့လဲ ပြောလို့ရတယ်…သိချင်ရင်တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ…..Crd: Channel Myanmar
Related