ဒီကားကတော့ ဇာတ်လမ်းကနည်းနည်းအေးပေမယ့် အနှစ်သာရရှိတဲ့ မိဘမေတ္တာဘွဲ့ကားလို့ပြောလို့ရပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရရင် ယောင်းဘွန်းဆိုတဲ့ အဒေါ်ကြီးက ငယ်စဉ်ကကွဲကွာသွားတဲ့ သမီးကိုရှာတာကနေစပါတယ်။
သူသမီးကိုရှာဖို့အလုပ်လုပ်လက်စ နေရာကနေစွန့်ခွာလာပြီး သူဇာတိမြေကိုပြန်လာခဲ့ပါတယ်။
ဇာတိမြေရောက်တဲ့အခါမှာ သူသမီးကိုမတွေ့သေးပဲ မထင်မှတ်ပဲ သူစုံစမ်းရထားတဲ့ နေရာက အားကစားစင်တာတစ်ခုဖြစ်နေပါတယ်။
အဒေါ်ကြီးလည်းပေါက်တဲ့နဖူး မထူးတော့ဖူးဆိုပြီး ရောက်လာလက်စနဲ့ အဲ့အားကစားခန်းမကိုညဖက်ကြီး ဝင်ကြည့်ရင်း အဲ့သင်တန်းက ဆရာမလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးလာခဲ့ပါတယ်။
သင်တန်းဆရာမကသဘောကောင်းပေမယ့် ပြောရရင်သူဖွင့်ထားတဲ့အားကစားခန်းမက သိပ်ပြီးအဆင်မပြေရှာပါဖူး။
ဒါကိုခင်မင်ရင်းစွဲလည်းရှိ သားသမီးချင်း ကိုယ်ချင်းစာနာမိတဲ့ အဒေါ်ကြီးက ကူညီဖို့ဖြစ်လာပါတယ်။
ကျန်တာဘယ်လိုဆက်ဖြစ်မယ်။
သမီးပျောက်ရှာနေတဲ့ အဒေါ်ကြီးကောသူသမီးနဲ့ဆုံတွေ့နိုင်ပါမလား။
သူသမီးကကော ရှိသေးရဲ့လားဆိုတာကို ဇာတ်လမ်းကိုပဲ ကိုယ်တိုင်ကြည့်ပြီးခံစားပေးပါ။
အမေနဲ့သမီးကြားက ၅၂၈ မေတ္တာဘွဲ့ကို လှလှပပဖော်ကျူးထားတာခံစားကြရမှာပဲဖြစ်ပါတယ်…… Crd: Channel Myanmar
Related