Horrorရုပ်ရှင်ကားတစ်ကားဖြစ်ပြီး IMDb မှာ4.5/10 ရရှိထားပါတယ်။
ဒီကားလေးကို Netflix ကနေပြသတာပါ။
အလီရှာတစ်ယောက်သူငယ်ငယ်ကလေးဘဝတုန်းက နေထိုင်ခဲ့ရတဲ့အိမ်ကြီးဆီပြန်လာဖို့အကြောင်းဖြစ်ပေါ်လာပါတယ်။
ကိုမာဝင်နေပြီး ကျန်းမာရေးအခြေအနေမကောင်းတဲ့အမေဖြစ်သူကို လာကြည့်ပေးဖို့ ညီမဖြစ်သူက အကူအညီတောင်းခဲ့တဲ့အတွက်အလီရှာတို့မိသားစုဟာ ထိုအိမ်ကြီးကိုတစ်ဖန်ပြန်လည်ရောက်ရှိခဲ့ရတာဖြစ်ပါတယ်။
အတိတ်ကဖြစ်ရပ်တွေကိုမေ့ပြီးမိသားစုဘဝလေးကိုကောင်းကောင်းထူထောင်ချင်တဲ့အလီရှာအတွက် ဒီအိမ်ကြီးမှာရှိတဲ့သူမကြုံတွေ့ချင်တော့တဲ့အရာကဘာလဲ၊ သမီးဖြစ်သူနိုရာလေးကရောဘယ်လိုလွှမ်းမိုးမှုတွေကို ခံစားရမှာလဲအလီရှာရဲ့အမေ ဗစ်တိုးရီးယားကရောဘာတွေပက်သက်နေမလဲဆိုတာဒီဇာတ်ကားလေးမှာကြည့်ရှုခံစားလိုက်ပါနော်…Crd: Channel Myanmar
Related