မိဘဆိုတာ တုနှိုင်းမဲ့တဲ့မေတ္တာတရားရှိကြလို့ အနွေးထွေးဆုံးသောအရိပ်အဖြစ်တင်စားကြတယ်….
သို့ပေမယ့် နေရာတိုင်းမှာ ချွင်းချက်ဆိုတာရှိသလို အချို့သောမိဘတွေကြတော့လည်း အထူးသဖြင့် ဖခင်ဖြစ်သူဟာ မိန်းမကိုအားတိုင်းနှိပ်စက် သားသမားတွေကို ညှင်းပန်းတတ်ကြတဲ့ လူသားမဆန်လွန်းတဲ့သူမျိုးတွေရှိကြတယ်….
ဒီလိုဖခင်မျိုးရှိတဲ့မိသားစုအဖို့တော့ တကယ့်လောကငရဲပါပဲ…..
ရီယိုတို့မောင်နှမ (၂)ယောက်လုံးအတွက်လည်း အထက်ကပြောသလို ဖခင်မျိုးပိုင်ဆိုင်ထားရလေတော့ နေ့စဉ်အမျှတကယ့်ငရဲခန်းပါပဲ….
တစ်နေ့တော့ မိခင်ကို နှိပ်စက်လွန်းတဲ့ဖခင်ကိုမမျှော်လင့်ဘဲ ရီယိုဟာ သတ်မိသွားတယ်…..
ဒီလိုနဲ့ ဒီမောင်နှမ (၂)ယောက်ဟာ အိမ်ကနေထွက်ပြေးခဲ့တယ်….
ဖခင်ရဲ့ညီဖြစ်သူကလည်း အမဲလိုက်သလို သူတို့ မောင်နှမ(၂)ယောက်နောက်ကိုလိုက်ပါတော့တယ်….
ဒီမောင်နှမ (၂)ယောက် လွတ်မြောက်မလား …ထွက်ပြေးစဉ်အတွင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ….
ရာဇဝတ်သားတွေပေါ်လွန်းတဲ့ခေတ်ဖြစ်တဲ့အပြင် ပြဿနာတစ်ခုကြုံတိုင်း သေနတ်ဖောက်ပြီးဖြေရှင်းတဲ့ခေတ်မို့ သူတို့ဘယ်လိုကြုံရမလဲ…..
တခြားကောင်းဘွိုင် ဂိုဏ်းအဖွဲ့တွေနဲ့ရော ကြုံရမှာလား…ခံစားကြည့်လိုက်ပါဦး…… Crd: Channel Myanmar
Related