ဒီတစ်ခါ မိတ်ဆက်ပေးလိုက်တာကတော့ 2019 ခုနှစ်မှာ အသစ်စက်စက် ထွက် The King’s Letter ဆိုတဲ့ ကိုရီးယားရာဇဝင်ကားကောင်းလေးပါ။
ကိုရီးယားအက္ခရာတွေ ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး ကိုရီးယားမှာ ဇာတ်လမ်းမျိုးစုံရှိတဲ့အထဲကနေမှ တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
ဂျိုဆွန်းပြည်ဟာ ဗုဒ္ဓဘာသာနိုင်ငံဆိုတာကနေ ကွန်ဖြူးရှပ်ဝါဒီဖြစ်သွားတဲ့ ကာလအတွင်း ဖြစ်ခဲ့တာပါ။
မင်းကြီးဟာ တရုတ်အက္ခရာကိုပဲ အသုံးပြုနိုင်ပြီး တရုတ်လက်အောက်ခံနိုင်ငံတစ်နိုင်ငံအဖြစ် နေရတာကို စိတ်ပျက်နေပြီး ကိုယ်ပိုင်အက္ခရာ တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။
တစ်နေ့တော့ ဂျပန်ဘုန်းကြီးတွေဟာ ဂျိုဆွန်းရဲ့ ရတနာဖြစ်တဲ့ တိပိဋကမူရင်းစာအုပ်တွေကို လာတောင်းရာမှ မင်းကြီးကိုယ်တိုင် မငြင်းသာတော့တဲ့အခါ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက ကူညီဖြေရှင်းခဲ့ပါတယ်။
ဒီကနေ အစပြုလို့ ကိုယ်ပိုင်အက္ခရာ တီထွင်နိုင်မယ့် လမ်းစကို တွေ့ခဲ့ပြီး ကြိုးစားခဲ့ပုံကို ရိုက်ကူးပြထားပါတယ်
ကွန်ဖြူးရှပ်ဝါဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့အတူ အက္ခရာ တီထွင်ရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်ဆိုတာကိုလည်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်
ကိုရီးယားတွေရဲ့ ထုံးစံအတိုင်း ရာဇဝင်ကားတွေကို ပီပြင်အောင် ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ညွှန်းပေးပါရစေ….Crd: Channel Myanmar
Related