ပရိတ်သတ် တွေကို ဒီတစ်ခါတော့ အရမ်း ရို ရတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
The Kissing Booth ပါတဲ့ ဒီဇာတ်လမ်းမှာ အဓိက ကတော့ အလ် ဆိုတဲ့ ကောင်မလေးပါ။ ငယ်ငယ်ကတည်းက သူမ အမေ ရဲ့ BF မှာလဲ သူနဲ့ တစ်ပြိုင်ထဲမွေးဖွားလာတဲ့ ကလေးတစ်ယောက်ရှိနေပါတယ်။ လီ လို့ ခေါ်တဲ့ကောင်လေးပေါ့။
လီ နဲ့ အလ် က မွေးဖွားတဲ့နေ့ တွေ အချိန်တွေတူတဲ့ အမွှာတွေလို ဖြစ်ပြီး မိခင် ၂ ယောက်ထက်တောင် ပိုပြီးBFF ဖြစ်လာခဲ့ပါတယ်။ ဘယ်သွားသွား အတူတူ ဘာလုပ်လုပ်အတူတူပါပဲ။ ၂ ယောက်ကြားမှာ ဘာလျို့ဝှက်ချက်မှ မထားခဲ့ပါဘူး။ ဒါပေမယ့် သူတို့မှာ စည်းကမ်းတော့ ရှိပါတယ်။ တစ်ယောက် ရည်းစားထားရင် တစ်ယောက်က သဘောတူရမယ်။ သဘောမတူရင်လဲ လုံးဝ လမ်းခွဲရမယ်ဆိုတာမျိုးတွေပေါ့၊
ဒါပေမယ့် အဲ့ဒီ ကတိကို စပြီး ချိုးဖောက်မိတာကတော့လီ ရဲ့ အကိုဖြစ်သူ နိုအာ ကြောင့်ပါပဲ…နိုအာ က စော်ကြည်ဘဲ ကျောင်းရဲ့ ဖိုက်တာပေါ့အငယ် ၂ ကောင်ဖြစ်တဲ့ လီ နဲ့ အလ် ကို နှောက်ယှက်သူရှိရင် ဝင်ပြီး လက်နဲ့ ဖြေရှင်းတက်သလို အမြဲတမ်းမာမာ ကျောကျော နေတက်သူမို့ အလ် ကတော့ပိုပြီး Crush နေခဲ့ရတာပါပဲ….
ဒီဇာတ်လမ်းလေး ကြည့်စ တုန်းမှာဟာ ကောင်မလေးက ရုပ်ဆိုးလိုက်တာပေါ့။ ပါးစပ်ပြဲပြဲလေး နဲ့ ဘယ်လိုလေးမှန်း မသိဘူး။ ဘာညာ စဉ်းစားမိသေးတယ်။ ဒါပေမယ့်ဇာတ်လမ်းကို ကြည့်နေရင်းမှာ ဒီကောင်မလေးကအင်မတန် ချစ်ဖို့ကောင်းလာပါတယ်။ ၏
ဇာတ်လမ်းလေးကလဲ ဒီ ၃ ယောက်လိုပဲချစ်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းလေးက နည်းနည်းတော့ ငိုရမယ်။ ဒါပေမယ့်ရယ်ရတဲ့ အခန်းက ပိုများတယ်။ Happy Ending ဖြစ်မယ်လို့ Admin ကတော့ပြောချင်ပါတယ်…ဘာကိုမှ အရမ်း မမျှော်လင့်ပဲ လွတ်လွတ်လပ်လပ်လေးကြည့်မယ့်သူတွေ အတွက် သင့်တော်ပါတယ်…ဆက်လက်ကြည့်ရှုလိုက်ကြပါ……Crd: Channel Myanmar
Related