ဂျက်ကီချမ်းရဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဖူစုန်းလင် ( Jackie Chan ) ဟာ ဆိုးတဲ့မကောင်းဆိုးဝါးတွေကို ဖမ်းဆီးနိမ်နင်းတဲ့သူတစ်ဦး…
ကျင်းဟွားဆိုတဲ့မြို့လေးမှာ မိန်းကလေးတွေဟာထူးဆန်းစွာပျောက်ဆုံးလို့နေပါတယ်။
ဒါကိုစုံစမ်းတဲ့စုံထောက်လေး ရန်ဖေး တစ်ယောက် ဖူစုန်းလင်နဲ့တွေ့တဲ့အခါမှာ ပူးပေါင်းပြီးတော့ ဒီအမှုကိုဖေါ်ထုတ်ဖို့ကြိုးစားပါတော့တယ်။
ဖူစုန်းလင်မှာလည်း အကျင့်လေးတစ်ခုရှိတယ်။
ဆိုးတဲ့မကောင်းဆိုးဝါးတွေကို ဖမ်းဆီးနိမ်နင်းလေ့ရှိပေမယ့် ကောင်းတဲ့မကောင်းဆိုးဝါးလေးတွေကိုတော့ သူ့အနားမှာမွေးမြူထားလေ့ရှိပါတယ်။
ဒီစုံစမ်းမှုမှာ မကောင်းဆိုးဝါးတစ်သိုက် နဲ့ ဖူစုန်းလင် ပြီးတော့ စုံထောက်ရန်ဖေးတို့ဘယ်လိုအခက်အခဲ ဘယ်လိုမကောင်းဆိုးဝါးတွေနဲ့ကြုံရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ခံစားပါ…..Crd: Channel Myanmar
Related