ဘတ်ဒီဂရင်းဆိုတဲ့သူဟာ သူချစ်ခင်မြတ်နိုးလှတဲ့တစ်ကိုယ်တော်လူရွှင်တော်အလုပ်ကိုနှစ်ပေါင်း၅၀လောက်ရပ်နားထားရာကနေသူရဲ့သူငယ်ချင်းဟောင်းဖြစ်သူ အယ်လ်ဟာ့ဆိုတဲ့သူနဲ့တွေ့ဆုံပြီးအယ်လ်ရဲ့တိုက်တွန်းမှုကြောင့် လူရွှင်တော်အလုပ်ကို ပြန်လုပ်ဖြစ်သောအခါ…
နှစ်အတန်ကြာရပ်နားပြီးယခုမှပြန်လုပ်ရသော ဘတ်ဒီ့အဖို့ လွယ်ကူပါ့မလား…ဘယ်လိုအခက်အခဲတွေရှိနေမလဲ…သူ့ဆုံးဖြတ်ချက်တွေကရော မှန်ကန်နိုင်ပါ့မလား…
လူတစ်ယောက်ဟာ ကိုယ်သဘောကျနှစ်သက်ရတဲ့အလုပ်ကိုလုပ်နေရရင် အပျော်ရွှင်ဆုံးဖြစ်နေတတ်တယ်ဆိုတဲ့စကားဟာရောလက်တွေ့မှာဖြစ်နိုင်ပါ့မလား…
ဒါ့အပြင်ဒီကားထဲမှာ ဘတ်ဒီနဲ့အယ်လ်ဟာ အသက်သာကြီးနေပေမယ့်စိတ်ကတော့နုပျိုနေဆဲဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ပြောဆိုလုပ်ကိုင်ပုံလေးတွေကလဲကြည့်ရှုသူတွေကိုရယ်မောပျော်ရွှင်စေရမှာပါ……Crd: Channel Myanmar
Related