လူငယ်ဆန်ဆန်ဇာတ်ကားလေးကို စောင့်နေတဲ့သူတွေအတွက် ဒီကားလေးကတော့ netflixမှာ မကြာသေးခင်ကမှ ပြသွာတဲ့ romantic နဲ့ comedy နှစ်ခု ပေါင်းထားတဲ့ ပေါ့ပေါ့ပါးပါး ကားလေးတစ်ကားပါ။
မင်းသားကတော့ ကောင်မလေးတွေအကြိုက် riverdaleထဲက မင်းသားလေး KJ Apa ပဲဖြစ်ပါတယ်။
အထက်တန်းကျောင်းပြီးသွားလို့ တက္ကသိုလ်တက်ဖို့စောင့်ရင်း နွေရာသီအားလပ်ရက်ကို ပုံစံတစ်မျိုးစီ ကုန်ဆုံးကြမယ့် လူငယ်အုပ်စုအကြောင်းကို ရိုက်ကူးပေးထားတာပါ။
မတူညီတဲ့ပြဿနာတွေ မိသားစုပြဿနာ,ရည်းစားပြဿနာ,ဘဝအတွက်ရွေးချယ်မှုတွေနဲ့ လူငယ်တစ်ယောက်ကို ပုံစံတစ်မျိုးစီနဲ့ကြည့်ရမယ့်ကားလေးတစ်ကားပါ။
သူတို့ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ၊ ဘာတွေကို စိတ်အလိုမကျရှိလဲ၊ ကိုယ့်ဘဝရည်မှန်းချက်ကို ဘယ်လိုရွေးချယ်သွားပြီးဆက်လျှောက်မလဲ ဆိုတာတွေကိုတော့….ဒီကားလေးထဲမှာ ကြည့်ရမှာဖြစ်ပါတယ်…Crd: Channel Myanmar
Related