လန်ဒန်မြို့ လူမည်းတွေအများဆုံးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်က လူမည်းကောင်လေးတစ်ယောက်ရဲ့ ကြီးပြင်းလာတာကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပါ။
ကလေးဘဝက စိတ်ဒဏ်ရာတွေရှိခဲ့တဲ့ ဒီကောင်လေး လူရမ်းကားပေါတဲ့ ဒီပတ်ဝန်းကျင်မှာ ခက်ခက်ခဲခဲနဲ့ လူကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစားတဲ့ အကြောင်းလေးပါ။
လူငယ်တွေမှာလည်း ဖိအားတွေ အများကြီးရှိနေပါတယ်။
မိဘကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ သူငယ်ချင်းတွေကြောင့် စသည်ဖြင့် ဖိအားအမျိုးမျိုးခံနေရတဲ့အချိန်မှာ ထွက်ပေါက်ရှာတတ်ကြပါတယ်။
ဒီဖိအားတွေက လွတ်နိုင်အောင် သာယာမှုရှာကြတဲ့အခါ လမ်းမှားကို ရောက်နိုင်ခြေ အများကြီးရှိနေပါတယ်။
ဒီကောင်လေးကတော့ သူ့ရဲ့လမ်းကြောင်းမှားနေပြီဆိုတာ သိပြီး ပြန်ပြင်နိုင်ခဲ့ပြီး အရင်က မှားယွင်းခဲ့တဲ့အမြင်တွေကိုလည်း ပြန်တည့်မတ်နိုင်ခဲ့ပါတယ်။
ဇာတ်လမ်းထဲကနေ ဒီကောင်လေး ခံစားနေရတာတွေကို ကိုယ်စားဝင်ခံစားနိုင်အောင်တော့ ရိုက်ပြနိုင်တယ်လို့ ပြောရမှာပါပဲ….Crd: Channel Myanmar
Related