ကဲနောက်ထပ် သရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
ဒီတရုတ်သရဲကားကိုကြည့်ရဲတဲ့ကောင်လဲအကောင်ပဲ။ ငစ်ငစ်… ဘာကောင်လဲဆိုစိတ်ခိုင်တဲ့ကောင် အင်မတန်ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးကို သူ့ဟာနဲ့သူ လိုအပ်ချက်လေးတွေရှိပေမယ့် ရင်ထဲထိအောင် ရိုက်ပြသွားပါတယ်။
ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာမှသိပ်ပြောစရာမရှိဘူး။ တရုတ်ပြည်ကချို့တဲ့တဲ့ ရွာငယ်လေးတစ်ရွာမှာ
မိသားစုတစ်စုရှိတယ်။ အဖေရယ်အမေရယ်သားလေးရယ်နဲ့ သုံးယောက်တစ်အိမ်ထောင်လေးပေါ့။
ဖေကြီးက သစ်စက်တစ်ခုမှာအလုပ်လုပ်နေတဲ့အလုပ်ကြမ်းသမားပေါ့။ လောကဓံရဲ့ဆိုးယုတ်မှုတွေက လူချမ်းသာ သူဆင်းရဲမရွေးပါ။ မိသားစု စုံစုံလင်လင် သိုက်သိုက်မြိုက်မြိုက်လေး ဘိုးဘွားတွေကို ကန်တော့မယ့် တရုတ်နှစ်သစ်ကူးအကြိုနေ့မှာ သားလေးနဲ့အမေကြီး မျှော်တလင့်လင့်စောင့်နေရှာတဲ့ အိမ်ဦးနတ်ကြီး ပြန်မရောက်လာခဲ့ပါဘူး။
အဲ့နောက်ပိုင်း သူတို့မိသားစုလေးဘယ်လို ဘယ်ပုံခရီးဆက်သလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ပါ။
ဒီကားမှာ ပါတဲ့ သရဲခြောက်မှုလေးတွေကလဲ အတော်ဆန်းကြယ်လာပါတယ်။ တချို့နေရာလေးတွေ သုံးသွားတဲ့ jumpscare အရမ်းကောင်းတယ်။
ဒါပေမယ့် တချို့နေရာတွေကျ ယုတ္တိမရှိတာ မလိုအပ်တာ အားနည်းတာလေးတွေ တွေ့ရပါတယ်။ လိုအပ်ချက်တွေပါနေပေမယ့် Drama နဲ့ Horror ပေါင်းစပ်ထားတဲ့အရောနှောလေးက ကြည့်ပြီးတာနဲ့ message တစ်ခုကောင်းကောင်းရလိုက်မှာအသေချာပါပဲ။
ဒီကားဟာသရဲကားကြီးပဲမဟုတ်ပါဘူး။ Drama ပိုင်းလေးလဲပါပါတယ်။ အဲ့ဒါတော့spoil သလိုဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ ပုံမှန်ကြည့်နေကြ တရုတ်သရဲကားမျိုးမဟုတ်ပဲ ဇာတ်ညွှန်းဆရာပေး ချင်တဲ့ messageသူပေးချင်တဲ့ ရသကို ရုပ်လုံးရုပ်ထည်အပီပြင်ဆုံး မဟုတ်တောင် ခံစားလို့ကောင်းမယ့် ကြည့်ရှုသူရင်ထဲရောက်မယ့် ကားလေးဆိုတော့ ကိုယ်တိုင်ကြည့်ပြီးတာနဲ့ ကောင်းလိုက်လေခြင်း ဘာညာဖြစ်သွားမှာပါ…..Crd: Channel Myanmar
Related