၁၉၄၈ ခုနှစ် နွေရာသီမှာဖြစ်သည်။ မနက်စောစော ကိုယ်လက်သန့်စင်ကာ မုတ်ဆိတ်ရိတ်နေရင်း သူ့ဆီဖုန်းဝင်လာသည်။ ဟန်ဒရစ် အိမ်ကြီးဆီလူနာသွားကြည့်ပေးဖို့ဖြစ်သည်။ ဟန်ဒရစ်အိမ်ကြီးသည် သူနှင့် စိမ်းသည်တော့မဟုတ်။
အဲစ် မိသားစုမှာ ရာစုနှစ် နှစ်ခုသုံးခုတိုင် ထိုအိမ်ကြီးတွင်နေထိုင်ခဲ့ကြသော လူကုန်ထံများဖြစ်သည်။ ဂုဏ်ပကာသန ထည်ဝါစွာအဆင့်မြင့်မြင့်နေထိုင်ခဲ့ကြသူများဖြစ်သည်။ သူတို့ ခုလည်းဒီလိုပဲနေထိုင်တုန်းလားမသိ။ သူကိုယ်ပိုင်ကားလေးမောင်းပြီး တောလမ်းများဖြတ်ကာ အိမ်ကြီးဆီရောက်လာခဲ့ပြီ။ ရှေ့ဂိတ်ပေါက်ရှိသော်လည်း နောက်ဖက်ဂိတ်ပေါက်မှတံခါးကို ကားပေါ်မှကိုယ်တိုင်ဆင်းဖွင့်ကာ ခြံဝန်းထဲ ကားမောင်းဝင်လာခဲ့သည်။ ခြံဝန်းထဲရောက်သောအခါ မည်သူမျှမတွေ့။ သူကားပေါ်မှဆင်းပြီး တစ်ချိန်က ထည်ဝါစည်ကားခဲ့သလောက် ယခုမျက်စိရှေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးကို ရပ်ကြည့်နေမိသည်။ မည်မျှကြာအောင် ရပ်ကြည့်နေမိသည်မသိ။ ခြေသံကြားမှ လှည့်ကြည့်လိုက်ရာ လူတစ်ယောက်မှ သူ့ဆီလျှောက်လာရင်း လှမ်းနှုတ်ဆက်၏…။
“ဟယ်လို..ခင်ဗျားကဘယ်သူတုန်း”
“ကျွန်တော် ဒေါက်တာ ဖာရာဒေးပါ”နှုတ်ဆက်သူမှာ ခြေတစ်ဖက်ဆာနေပြီး သူ၏ညာဖက်ပါးပြင်နှင့် နားတစ်ဝိုက်တွင် မီးလောင်ပြီးအရည်ပြားများစုတ်နေသည့် အမာရွတ်ကြီးရှိသည်။သူကသူ့ကိုယ်သူမိတ်ဆက်၏။
“ကျွန်တော်က ရော့ဒရစ်အဲရစ်ပါ ..ကားသံကြားတော့ ဒေါက်တာ ဂရန်ဂျာမှတ်နေတာ”…………Crd: Channel Myanmar
Related